MNP ၊ ဩဂုတ် ၃
ရှမ်းပြည်နယ်(အရှေ့ပိုင်း) မိုင်းဆတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၌ ပန်းချီပြိုင်ပွဲကို ယနေ့မွန်းလွဲ(၁)နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အနာဂတ်မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ ပြည်သူ့စာကြည့်တိုက်သို့လာရောက်၍ စာအုပ်စာပေများဖတ်ရှုခြင်းဖြင့် အချိန်ကိုအကျိုးရှိစွာ အသုံးချ နိုင်စေရန်၊ တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးမှုရရှိစေရန်၊ ရောင်စုံကာလာအသုံးပြုမှု ကျွမ်းကျင်ပိုင်နိုင်စေရန်၊ ကျောင်းသား၊ ကျောင်းသူများ၏ ဉာဏ်ရည်ဉာဏ်သွေး၊ တွေးခေါ်ကြံဆ နိုင်စွမ်းမြင့်မားစေရေးနှင့် ပန်းချီစွမ်းရည် တိုးတက်စေရေးအတွက် ကျင်းပပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထို့နောက် ပန်းချီဝါသနာရှိသည့် မူလတန်းအဆင့်၊ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများက မိမိတို့ကြိုက်နှစ်သက်ရာ ပန်းချီများရေးဆွဲယှဉ်ပြိုင်ကြပြီး ဆုရရှိသူများအား ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အမှတ်တရလက်ဆောင်ပစ္စည်း ပြန်လည်ပေးအပ်ခဲ့ကြောင်း သိရသည်။
စန်းစန်းမြင့်
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق