ဘားအံခရိုင် (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဘားအံခရိုင် (Community Centre) ခန်းမတွင် အသိပညာပေးဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲပြုလုပ်




MNP ၊  ဩဂုတ်  ၂၆

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်၌ ကျောင်းသား/ကျောင်းသူများ မူးယစ်ဆေးဝါးအန္တရာယ်ကို  သိရှိစေရန်နှင့် ရှောင်ကြဉ်နိုင်စေရန်အတွက် အသိပညာပေးဟောပြောပွဲ၊  နံရံကပ်စာစောင်ပြပွဲနှင့် ကာယဉာဏစွမ်းရည်ပြိုင်ပွဲကို ဘားအံခရိုင် (Community Centre) ခန်းမတွင် ယမန်နေ့ မွန်းလွဲ (၁) နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင် ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင်က ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိလိုက်နာသင့်သည့် အချက်များ၊ မူးယစ်ဆေးသုံးစွဲရသည့် အကြောင်းအရင်း၊ မူးယစ်ဆေးဝါးဆိုးကျိုးများ၊ မူးယစ်ဆေးဝါးကြောင့်  ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများအကြောင်းကို အကျယ်တဝင့်ဟောပြောခဲ့ပြီး မြန်မာနိုင်ငံနှင့် စိတ်ကြွရူးသွပ်ဆေးပြဿနာ၊ စိတ်ကြွရူးသွပ်ဆေးဥပဒေ၊ စိတ်ကြွရူးသွပ်ဆေးများကို မည်သို့ကာကွယ်မလဲ၊ ဆယ်ကျော်သက် ဘဝလှပဖို့ မိဘတိုင်းကစောင့်‌ရှောက်စို့၊ စိတ်ကြွရူးသွပ်ဆေး အမျိုးအစားများ၊ စိတ်ကြွရူးသွပ်ဆေးနှင့် မူးယစ်ဆေးများကို ရေရှည်သုံးစွဲသူများတွင် တွေ့ရသည့် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများပါဝင်သည့် နံရံကပ်စာစောင်များကို ခင်းကျင်းပြသထားရှိရာ ‌ကျောင်းသား /ကျောင်းသူများက လေ့လာကြည့်ရှုကြကြောင်း သိရသည်။


ဆက်လက်၍ ကျောင်းသား/ကျောင်းသူများ ဉာဏ်ရည်ဉာဏ်သွေး တိုးတက်လာစေရန် ကာယ၊ ဉာဏပြိုင်ပွဲများကို ကျင်းပရာ ကာယ၊ဉာဏဖွံ့ဖြိုးစေမည့် ပြိုင်ပွဲများဖြစ်သည့် စာဖတ် စွမ်းရည်ပြိုင်ပွဲ၊ ကဗျာရွတ်ပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ဉာဏ်စမ်းပ‌ဟေဠိပြိုင်ပွဲ၊ ဘောလုံးသယ်ပြိုင်ပွဲ၊ ကြက်ဥကောက် ပြိုင်ပွဲများပြုလုပ်ပေးခဲ့ပြီး ဆုရရှိသူများကို တာဝန်ရှိသူများက အမှတ်တရ လက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)