MNP ၊ ဩဂုတ် ၂၆
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် ဝန်ထမ်းများ အရည်အသွေးမြင့်မားလာစေရန်၊ သတင်းဓာတ်ပုံများ အယူအဆမှန်ကန်စွာရိုက်ကူးတတ်ရန်၊ ကင်မရာအသုံးပြုပုံနှင့်ပတ်သက်၍ နားလည်သိရှိစေရန် ရည်ရွယ်၍ သတင်းဓာတ်ပုံရိုက်ကူးတည်းဖြတ်ခြင်း သင်တန်းကို ဩဂုတ်လ ၂၄ ရက်နေ့တွင် ဖွင့်လှစ်သင်ကြားပေးခဲ့သည်။
အဆိုပါသင်တန်းတွင် သင်တန်းနည်းပြအဖြစ် ဦးအောင်မင်း(ဓာတ်ပုံကျွမ်းကျင်-၂)(ငြိမ်း) က ကင်မရာအမျိုးအစားများအကြောင်း၊ DSLR ကင်မရာတွေရဲ့ ဖွဲ့စည်းပုံအကြောင်းနှင့် အသုံးချမှုများ၊ Lens များအကြောင်း၊ သတင်းဓာတ်ပုံရိုက်ကူးရာတွင် ဓာတ်ပုံဆရာတစ်ယောက်အနေဖြင့် ဆောင်ရန်ရှောင်ရန်အချက်များ၊ ကင်မရာတစ်လုံး၏ Function များကို အသေးစိတ်ရှင်းလင်းပြီး စာတွေ့၊ လက်တွေ့ သင်ကြားပြသခဲ့သည်။ သင်တန်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြောင်းမြခရိုင်ရုံးမှ ဝန်ထမ်း (၁၀) ဦး တက်ရောက်ခဲ့ကြပြီး သြဂုတ်လ ၂၄ ရက်မှ ၂၅ ရက်အထိ သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဇေယျာ
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق