အဘစ်ဒ်ဂျန်၊ ဩဂုတ် ၃
နိုင်ဂျာနိုင်ငံ အမိမြေကာကွယ်ရေး အမျိုးသားကော်မတီက အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS) ၏ ပိတ်ဆို့မှု မှန်သမျှကို လက်ခံမည် မဟုတ်ဟု နိုင်ဂျာ အာဏာသိမ်း စစ်တပ် ခေါင်းဆောင် Abdourahamane Tchianiက ဩဂုတ် ၂ ရက်တွင် ပြောကြားခဲ့သည်။
အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS)ခေါင်းဆောင်များက ဇူလိုင် ၃၀ ရက်က နိုင်ဂျီးရီးယားနိုင်ငံ မြို့တော် အဘူဂျာတွင် အရေးပေါ် အစည်းအဝေးကျင်းပခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းထားသော နိုင်ဂျာနိုင်ငံ သမ္မတ Mohamed Bazoumကို တစ်ပတ်အတွင်း ပြန်လွှတ်ပေး၍ ၎င်း၏သမ္မတ အာဏာကို ပြန်လည်အပ်နှင်းရန် နိုင်ဂျာစစ်တပ်ကို တောင်းဆိုခဲ့သည်။ ယင်းနေ့တွင်ပင် အနောက် အာဖရိက နိုင်ငံများ စီးပွားရေး အသိုက်အဝန်း (ECOWAS)နှင့် ECOWAS အဖွဲ့ဝင် ၈ နိုင်ငံ ပါဝင်သော အနောက် အာဖရိက စီးပွားရေးနှင့်ငွေကြေးဆိုင်ရာသမဂ္ဂ (UEMOA)က နိုင်ဂျာနိုင်ငံနှင့်အာဏာသိမ်းမှုတွင် ပါဝင်သော စစ်သားများအား ပိတ်ဆို့အရေးယူမည် ဖြစ်ကြောင်း ကြေညာခဲ့သည်။
Ref - ဆင်ဟွာ
#MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق