ပုလဲမြို့နယ်၊ တနယ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၁ဦးနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုလဲမြို့နယ်၊ တနယ်ကျေးရွာအနီးတွင် PDF အကြမ်းဖက်သမား ၁ဦးနှင့် လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရရှိ


MNP ၊ သြဂုတ် ၂

ပုလဲမြိုနယ်၊ တနယ်ကျေးရွာအနီး နယ်မြေလုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် မသင်္ကာဖွယ်ရာ တောတိုက်တဲအား တွေ့ရှိသဖြင့် ယနေ့နံနက် (၇ ၀၀)နာရီဝန်းကျင်က ဝင်ရောက်ရှင်းလင်းခဲ့ရာ PDF အကြမ်းဖက်၁ဦး ကို အသေဖမ်းဆီးရမိပြီး လက်လုပ်သေနတ် (အရှည်) ၁ လက်၊ လက်လုပ်သေနတ် (အတို) ၂ လက်၊ လက်လုပ်စိန်ပြောင်း ၃ လက်၊ လက်လုပ်ရှော့တိုက်ဒုံးသီး ၄ လုံး၊ M-22 ကျည် ၂၅ တောင့်၊ ဘီအေ-၉၁ လက်ပစ်ဗုံး ၂ လုံး၊ အီနာဂါဗုံးသီး ၁ လုံး၊ လမ်းလျှောက်စကားပြောစက် ၁ လုံး၊ ဆိုင်ကယ်မျိုးစုံ ၁၁ စီးတို့အား သိမ်းဆည်း ရရှိခဲ့ကြောင်း သိရသည်။

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေး ကောင်စီ အစည်းအဝေး(၂/၂၀၂၃)တွင် နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က မိမိတို့အစိုးရအဖွဲ့သည် မဲမသမာမှုများ ဖြစ်ပေါ်ခဲ့မှုကြောင့် နိုင်ငံ့တာဝန်ကိုရယူ ခဲ့ရသည့် အစိုးရဖြစ်သည့်အတွက် မိမိတို့အစိုးရ တာဝန်ယူဆောင်ရွက်ပေးရမည့် ရွေးကောက်ပွဲတွင် မဲစာရင်းမှန်ကန်မှု ရှိစေရေးသည် အဓိကအကျဆုံးဖြစ်ပါကြောင်း၊ ထို့ကြောင့် နိုင်ငံအတွင်း အကြားအလပ်မရှိသည့် ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ရေး နှင့် မဲစာရင်း မှန်ကန်တိကျမှုရှိစေရေးကို ရည်မှန်းအကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိပါကြောင်း၊ ရွေးကောက်ပွဲကျင်းပရာတွင် အဓိကအကျဆုံးဖြစ်သည့် မဲစာရင်း များ မှန်ကန်တိကျမှုရှိစေရေးအတွက် သန်းခေါင်စာရင်း ကောက်ယူမှုလုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်လျက် ရှိပါကြောင်း၊ တစ်တိုင်းပြည်လုံး လွှမ်းခြုံနိုင် သည့် သန်းခေါင်စာရင်း ကောက်ယူမှုအောင်မြင်မှသာ ခိုင်မာသည့်မဲဆန္ဒရှင်စာရင်းကို ရရှိနိုင်မည် ဖြစ်သည့်အတွက် အလေးထားဆောင်ရွက်နေချိန်တွင် လက်နက်ကိုင် အကြမ်းဖက်သမားများ၏ အကြမ်းဖက်တိုက်ခိုက်မှု၊ ခြိမ်းခြောက်မှုများကြောင့် လုပ်ငန်းဆောင်ရွက်မှုတွင် နှောင့်နှေးမှုများ ဖြစ်ပေါ်နေကြောင်းကိုလည်း အသိပေး ပြောကြားလိုပါကြောင်း၊ နိုင်ငံတစ်ဝန်း တည်ငြိမ်အေးချမ်းပြီး ရွေးကောက်ပွဲအတွက် လိုအပ်သည့် ကြိုတင်ပြင်ဆင်မှုများ ဆောင်ရွက်ပြီးချိန်တွင် တစ်နိုင်ငံလုံး အတိုင်း အတာနှင့် အကြားအလပ်မရှိ ရွေးကောက်ပွဲကိုကျင်းပနိုင်ရေး ဆက်လက်ဆောင်ရွက် သွားရမည်ပင်ဖြစ်ပါကြောင်း ရှင်းလင်းပြောကြားထားသည်။


#MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)