Pages

Pages

မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီး လုံခြုံရေးတပ်ဖွဲ့ဝင်များအား မိုင်းဆွဲတိုက်ခိုက်မည့် PDF အကြမ်းဖက်သမားအား ဖမ်းဆီးရမိ





MNP ၊ သြဂုတ် ၃

မြောင်မြို့နယ်၊ သနပ်ကုန်းကျေးရွာအနီးတွင် ယမန်နေ့က လုံခြုံရေးအဖွဲ့များအား မိုင်းဆွဲတိုက်ခိုက်ရန် စောင့်နေသည့် PDF အကြမ်းဖက်သမားအား လုံခြုံရေးတပ်ဖွဲ့ဝင်များက လက်ဦးမှုယူ၍ ပစ်ခတ်ဖမ်းဆီး နိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ ဖြစ်စဉ်တွင် PDF အကြမ်းဖက် ၁ လောင်း၊ လက်လုပ်ပစ္စတို ၁ လက်၊ ၉ မမကျည် ၂ တောင့်၊ ၁၂ ဗိုကျည် ၅ တောင့်၊  M-22 ကျည် ၁၇ တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိ PDF အကြမ်းဖက်သမားက မိုင်းထောင်ရန် ပြုလုပ်ထားသော လက်လုပ်မိုင်းနှင့် ဆက်စပ်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့သည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق