မတ္တရာမြို့နယ် စည်ပင်ရုံးကို ဗုံးခွဲဖို့ ကြံစည်လာသည့် PDF ဇနီးမောင်နှံ ဆိုင်ကယ်ထဲထည့်သယ်လာသည့်ဗုံးကွဲ၍ သေဆုံး - Myanmar National Post

Myanmar National Post

News Agency

Breaking

မတ္တရာမြို့နယ် စည်ပင်ရုံးကို ဗုံးခွဲဖို့ ကြံစည်လာသည့် PDF ဇနီးမောင်နှံ ဆိုင်ကယ်ထဲထည့်သယ်လာသည့်ဗုံးကွဲ၍ သေဆုံး



MNP ၊ သြဂုတ် ၃

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင်  PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်လေးနှင့် ဇနီးစန္ဒာနှင်းတို့သည် ယမန်နေ့ ညနေ ၅ နာရီ ၄၅ မိနစ်အချိန်ခန့်က မတ္တရာမြို့နယ်၊ စည်ပင်ရုံးအား ဖောက်ခွဲရန် ဆိုင်ကယ်အတွင်း ဗုံးထည့်သယ်ဆောင်လာစဉ် မြို့နယ်စည်ပင်ရုံးအနောက်ဘက် လမ်းကြားအရောက်တွင် ဆိုင်ကယ်အတွင်းထည့်၍ သယ်ဆောင်လာသောဗုံးမှာ ပေါက်ကွဲမှု ဖြစ်ပေါ်ခဲ့ပြီး သေဆုံးခဲ့ရကြောင်း သိရသည်။

ဗုံးပေါက်ကွဲမှုကြောင့် စန္ဒာနှင်းမှာအခင်းဖြစ်နေရာတွင် သေဆုံးသွားပြီး PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်လေးမှာ ပြင်းထန်ဒဏ်ရာရရှိသဖြင့် မတ္တရာမြို့နယ် ပြည်သူ့ဆေးရုံသို့ တင်ပို့ကုသစဉ် သေဆုံးသွားခဲ့ကြောင်း သိရသည်။

သေဆုံးသူ PDF အကြမ်းဖက်အဖွဲ့ဝင် ဇော်လေးမှာ မန္တလေးဘက်မှ မတ္တရာမြို့သို့အဝင်ရှိ သပြေရိပ်စားသောက်ဆိုင်ပိုင်ရှင် ဦးကျော်အောင်၏ ညီတော်စပ်ပြီး ပေါက်ကွဲမှုဖြစ်စဉ်နှင့် ပတ်သက်၍ ဆက်စပ်တရားခံများအား စစ်ဆေးဖော်ထုတ်လျက်ရှိကြောင်း သိရသည်။


#MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)