မိတ္ထီလာ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်သင်ပညာသင်တန်း PPTT (၉/၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မိတ္ထီလာ၌ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်သင်ပညာသင်တန်း PPTT (၉/၂၃) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ



MNP ၊  ဩဂုတ်  ၂

မိတ္ထီလာ၌ ဆရာအတတ်ပညာဦးစီးဌာန မိတ္ထီလာ ပညာရေးဒီဂရီကောလိပ်၌ ဖွင့်လှစ်ခဲ့သော လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ်ပညာသင်တန်း PPTT(၉/၂၃) သင်တန် းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက် ၁ဝ နာရီခွဲအချိန်က အဆိုပါ ပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အဆိုပါ သင်တန်းဆင်းပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးက အဖွင့်အမှာစကား ပြောကြားသည်။ ဆက်လက်၍ မိတ္ထီလာ ပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးက သင်တန်းအဆင်း အမှာစကားပြောကြားသည်။ ထိုနောက် သင်တန်းကာလအတွင်း ကျင်းပခဲ့သော ပြိုင်ပွဲများတွင်  တစ်ဦးချင်းနှင့်အဖွဲ့အလိုက် ထူးချွန်ဆု ရရှိခဲ့ကြသူများအား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အမျိုးသမီး ရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါက်တာစောမြင့်ထူး၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များနှင့် မိတ္ထီလာပညာရေးဒီဂရီကောလိပ် ကျောင်းအုပ်ကြီး ဒေါ်စုလတ်ထွေးတို့က ဂုဏ်ပြုဆုများ ပေးအပ်ချီးမြှင့်ခဲ့သည်။ အဆိုပါ လုပ်ငန်းခွင်အကြို မူလတန်းဆရာ အတတ် ပညာသင်တန်း PPTT(၉/၂၃) သင်တန်းကို ဇွန်လ ၁ ရက်နေ့မှ ဩဂုတ်လ ၁၁ ရက်နေ့အထိ ဖွင့်လှစ်ခဲ့ ပြီး သင်တန်းသူသင်တန်းသား စုစုပေါင်း ၆၂ဝ ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


ချမ်းသာ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)