Pages

Pages

သံဖြူဇရပ် မြို့နယ်လူထုအခြေပြုဗဟိုဌာန၌ တိုင်းရင်းဆေးဖြင့် တုပ်ကွေးရောဂါကုသနည်းအကြောင်း ဆွေးနွေးပွဲ (Talk Show) ပြုလုပ်



MNP ၊  ဩဂုတ်  ၂

မွန်ပြည််နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးကုဌာနတို့ ပူးပေါင်း၍ တိုင်းရင်းဆေးဖြင့် တုပ်ကွေးရောဂါကုသနည်းအကြောင်းဆွေးနွေးပွဲ (Talk Show)ကို ယနေ့ မွန်းလွဲ ၁ နာရီ အချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်အေးအေးသီက (Talk Show) ဆွေးနွေးပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး၊ ဆက်လက်၍မြို့နယ်တိုင်းရင်းဆေးကုဌာန၊ တိုင်းရင်းဆေးမှူး ဒေါ်စုနန္ဒာလွင်က ရာသီတုပ်ကွေးသည် မိုးဦးကာလနှင့်မိုးနှောင်းကာလများတွင် ဖြစ်ပွားလေ့ရှိကြောင်း၊ ရာသီတုပ်ကွေးရောဂါလက္ခဏာများဖြစ်သည့် ဖျားခြင်း၊ ခေါင်းကိုက်ခြင်း၊ ချောင်းခြောက်ဆိုးခြင်း၊ လည်ပင်းနာခြင်း၊ နှာရည်ယိုခြင်း၊ မောပန်း၍ အရိုးအဆစ်နှင့် ကြွက်သားများနာကျင်ကိုက်ခဲခြင်း ထို့အပြင် တုပ်ကွေးရောဂါမဖြစ်ပွားစေရန် ဆောင်ရန်၊ရှောင်ရန်အချက်များကို ပြည်သူများ သိရှိစေရေး ဆွေးနွေးသည်။


သံဖြူဇရပ်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူများ ဗဟုသုတရရှိစေမည့် အသိပညာပေး ဆွေးနွေးပွဲ(Talk Shiw)များကို Online မှတစ်ဆင့် အစဥ်အမြဲဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق