MNP ၊ အောက်တိုဘာ ၁၀
မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက (Biometric Data)အချက်အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို အောက်တိုဘာ (၁၀)ရက်နေ့တွင် ဆက်လက်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကျိုက်ထိုမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့ အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှဝန်ထမ်းများက (Biometric Data) အချက် အလက်စာရင်း ကောက်ယူခြင်းနှင့် (Unique ID) ထုတ်ပေးခြင်း လုပ်ငန်းများကို ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို ဇွန်(၂၈)ရက်နေ့မှ စတင် ကောက်ယူခဲ့ရာ အောက်တိုဘာ(၉)ရက်နေ့ထိ (၄၁၅၅)ဦး ဆောင်ရွက်ပေးခဲ့ပြီး ဖြစ်ကြောင်းသိရသည်။
အဆိုပါ စာရင်းကောက်ယူရာတွင် ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် မိသားစုဝင်များကို နိုင်ငံသားစိစစ်ရေး ကတ်ပြားများ ယူဆောင်လာစေပြီး (Biometric) ဆိုင်ရာ အချက်အလက်များ စာရင်းကောက်ယူပြီး (Database)တွင် သိမ်းဆည်းကာ ဂဏန်း(၁၀)လုံးပါဝင်သည့် Unique ID နံပါတ်ပါကတ်ပြားများကို နေ့ချင်းအပြီး ထုတ်ပေး လျက်ရှိကြောင်း သိရသည်။
ဝင်းမောင်
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق