MNP ၊ အောက်တိုဘာ ၂၃
နယ်စပ်ရေးရာဝန်ကြီးဌာနသည် တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ ဘုန်းတော်ကြီးကျောင်းများသို့ ဆွမ်းဆန် တော်၊ ဆီ၊ ဆား၊ ကုလားပဲနှင့် လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းလျက် ရှိသည်။
ထိုသို့ လှူဒါန်းလျက်ရှိရာ ယမန်နေ့က နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ လဟယ်မြို့ရှိ ထေရဝါဒဗုဒ္ဓသာသနာပြု ဗဟိုကျောင်းတိုက်သို့ နာဂဒေသဖွံ့ဖြိုးမှု ကြီးကြပ်ရေးရုံး (လဟယ်)မှ ဒုတိယညွှန်ကြားရေးမှူး ဦးရဲမင်းနှင့် တာဝန်ရှိသူများ သွားရောက်၍ ကျောင်းတိုက်ရှိ ဆရာတော်၊ သံဃာတော်များအတွက် ဆွမ်းဆန်တော်၊ ဆီ၊ ဆားနှင့် ကုလားပဲများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق