ဇီးကုန်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီးကုန်းမြို့နယ်၌ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲပြုလုပ်



MNP ၊ အောက်တိုဘာ   ၁၀

ကျောင်းသား၊ ကျောင်းသူများ စည်းလုံးမှုရရှိကာ ကျန်းမာရွှင်လန်းပြီး ဉာဏ်ရည်ထက်မြတ်စေရန်၊ ဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ပဲခူးတိုင်းဒေသကြီး နတ်တလင်းခရိုင် ဇီးကုန်းမြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ အားကစားနှင့်လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲများကို ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲပိုင်းက အခြေခံပညာအထက်တန်းကျောင်း (အ.ထ.က) မြို့မကျောင်း၌ ပြုလုပ်ခဲ့သည်။


ရှေးဦးစွာ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ မြို့နယ်အားကစားနည်းစနစ်မှူး ဦးစိုးလှိုင်က  အားကစားပညာရပ်နှင့်ပတ်သက်၍ အားကစားနည်းစနစ်များအကြောင်း ရှင်းလင်းပြောကြားခြင်း၊ အားကစားပြုလုပ်ခြင်းကြောင့် ရရှိလာမည့်အကျိုးကျေးဇူးများ၊ အားကစားစိတ်ဓာတ်နှင့် ပတ်သက်သည်များကို အကျယ်တဝင့် ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နတ်တလင်းခရိုင် စားပွဲတင်တင်းနစ်အဖွဲ့မှ ဦးသက်ခိုင်ဦးက စားပွဲတင်တင်းနစ်နှင့် ပတ်သက်သော အခြေခံနည်းစနစ်များကို အသေးစိတ်ရှင်းလင်းပြောကြားပေးခဲ့ပြီး၊ အားကစားသမားကလေးများက လက်တွေ့သရုပ်ပြ ကစားပြသခဲ့ကြသည်။


ထို့နောက် ဇီးကုန်းမြို့နယ် စားပွဲတင်တင်းနစ်အဖွဲ့ဥက္ကဋ္ဌ ဦးကျော်စိုးဟန်က အားကစားပစ္စည်းများပေးအပ်ရာ အ.ထ.က မြို့မကျောင်းမှ တာဝန်ရှိသူများက လက်ခံရယူခဲ့ကြသည်။ အလားတူဆောင်ရွက်ခြင်းများကို အ.ထ.က ဇီးကုန်းနှင့် ပညာမော်ကွန်း (ကိုယ်ပိုင်အထက်တန်းကျောင်း)များ၌လည်း ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


တင့်ဆွေ 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)