Pages

Pages

ရမ်းဗြဲမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် အသိပညာပေးခြင်းများဆောင်ရွက်








MNP ၊ အောက်တိုဘာ  ၂၀

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယနေ့ နံနက်(၉)ရီအချိန်မှ(၁၁)နာရီအချိန်ထိ ရမ်းဗြဲမြို့ပေါ်ရှိ တည်းခိုးခန်းများနှင့် စားသောက်ဆိုင်များသို့ သွားရောက်၍ မြေပြင်ကွင်းဆင်း အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဒုဦးစီးမှူး ဦးကျော်ဇင်နိုင်နှင့် အရန်မီးသတ်တပ်ဖွဲ့ဝင်များက  မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်  ဟောပြောသရုပ်ပြခြင်း၊ မီးပေါ့ဆမှုမရှိရေး၊ မီးသုံးစွဲခြင်း စည်းကမ်းချက်များအား လိုက်နာဆောင်ရွက်ခြင်း ရှိ/ မရှိနှင့် ဆောင်ရန် ရှောင်ရန်တို့ကို အသိပညာပေးအကြံပြုဆွေးနွေးခဲ့ကြောင်း သိရသည်။


အောင်တင်ကြည်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق