လားရှိုးမြို့တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေသော ဗျောက်အိုးများ၊ ယမ်းများ၊ မီးရှုးမီးပန်းများ ရောင်းချခြင်းများ မပြုလုပ်ရန် အသိပေးကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

လားရှိုးမြို့တွင် အများပြည်သူ အထိတ်တလန့်ဖြစ်စေသော ဗျောက်အိုးများ၊ ယမ်းများ၊ မီးရှုးမီးပန်းများ ရောင်းချခြင်းများ မပြုလုပ်ရန် အသိပေးကြေညာ


MNP ၊ အောက်တိုဘာ  ၁၉

လားရှိုးမြို့တွင် အများပြည်သူထိတ်လန့်မှုဖြစ်စေတတ်သော ဗျောက်အိုးများ၊ ယမ်းများ၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဈေးဆိုင်များတွင် သိုလှောင်ထားရှိခြင်း မပြုလုပ်ကြရန် အသိပေးနှိုးဆော်လျက်ရှိနေကြောင်း သိရသည်။


ဗျောက်အိုးများ၊ ယမ်းများ၊ မီးရှုးမီးပန်းများ ပစ်ဖောက်ခြင်း၊ ရောင်းဝယ်ဖောက်ကားခြင်းနှင့် ဈေးဆိုင်များတွင် သိုလှောင်ထားရှိပါက တည်ဆဲဥပဒေစည်းမျဉ်း၊ စည်းကမ်းများနှင့်အညီ အရေးယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။


ထိုသို့အသိပေးကြေညာခြင်းကို အောက်တိုဘာလ ၁၉ ရက်နေ့ နံနက်ပိုင်းမှစတင်ကာ လားရှိုးမြို့ပေါ် ဈေးများဖြစ်သည့် မြို့မဈေးကြီး၊ မန်ဆူဈေး၊ အောင်မင်္ဂလာဈေး ၊ လားရှိုးကြီးဈေးတို့တွင် မြို့နယ်စည်ပင်သာယာဌာနမှ ဝန်ထမ်းများက လိုက်လံကြေငြာလျက်ရှိကြောင်း သိရသည်။


စိုင်းထွန်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)