Pages

Pages

ရသေ့တောင်မြို့ မီးသတ်တပ်ဖွဲ့ဝင်များမှ အရှေ့ မြောက်ရပ်ကွက်၌ မီးဘေးအန္တရာယ် မဖြစ်ပေါ် စေရေးတစ်အိမ်တက်ဆင်း ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြော






MNP ၊ အောက်တိုဘာ  ၂၀

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ရသေ့တောင်မြို့နယ်၌ ပွင့်လင်းရာသီသို့ ရောက်ရှိလာပြီ ဖြစ်သောကြောင့်  ပြည်သူများမီးဘေးအန္တရာယ်ကင်းဝေးနိုင်စေရန် ယနေ့ နံနက် ၁၀ နာရီက အရှေ့‌မြောက်ရပ်ကွက်သို့ သွားရောက်ပြီး မီးဘေးအန္တရာယ် ကြိုတင် ကာကွယ်ရေး အတွက် တစ်အိမ်တက်ဆင်းကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်းစစ်ဆေးရာတွင်မြို့နယ်မီးသတ်စခန်းမှ တပ်ကြပ်ကြီး အောင်မြတ်လင်းနှင့် တပ်ဖွဲ့ဝင် များက အရှေ့မြောက်ရပ်ကွက် အတွင်းရှိ မိဘပြည်သူများအနေဖြင့် မီးဘေးအန္တရာယ်ကင်းဝေးစေရေးနှင့် မီးလောင်ကျွမ်းမှုမ ဖြစ်ပေါ်စေရေးတို့အတွက် မီးသတ်ဦးစီး ဌာနမှထုတ်ပြန်ထားသော မီးဘေးလုံခြုံရေးဆိုင်ရာ ညွှန် ကြားချက်များဖြစ်သည့်  မီးချိတ်၊  မီးကပ်၊ သဲအိတ်နှင့် မီးသတ် ဆေးဗူးစသော မီးဘေးကာကွယ် ရေးပစ္စည်းများ အသင့်ထားရှိရေး၊ လောင်စာဆီများသို လှောင်ခြင်းမပြုရန်၊ တပ်ဆင်ထားသော ဟောင်းနွမ်းလျှပ် စစ်ဝါယာကြိုး များနှင့် ပျက်စီးနေ သောလျှပ်စစ်ပစ္စည်းများ အသုံးမပြုကြရန်၊ မီးသွေးမီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျ မီးငြိမ်း သတ် ကြရန်စသည့် မီးဘေးအန္တရာယ် မဖြစ်ပေါ်စေ ရေးနှင့်ကြိုတင်ကာကွယ်ရေးအတွက် ဆောင် ရန်/ရှောင်ရန်အချက် များအား ကွင်းဆင်းစစ်ဆေးအသိပညာပေးဟောပြောခဲ့ကြောင်း  သိရသည်။


ထွန်းလင်းကျော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق