ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၌ အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၌ အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ အသိပညာပေးဟောပြောပွဲပြုလုပ်


MNP ၊ အောက်တိုဘာ  ၂၀

ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင် ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန၌ အယ်နီညိုရာသီဥတုပြောင်းလဲမှုဖြစ်စဥ်နှင့် ပတ်သက်၍ အသိပညာပေး ဟောပြောပွဲကို ​ကျောက်တန်းမြို့နယ် မွေးမြူရေးဇုန်ရှိ နေကြာဂဏန်းပျော့မွေးမြူရေစခန်းရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။


အသိပညာပေးဟောပြောပွဲတွင် ကျောက်တန်းမြို့နယ် ငါးလုပ်ငန်းဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်ဝင်း၊ ကျောက်တန်းမြို့နယ် ပုဇွန်သားပေါက်စခန်းတာဝန်ခံ ဦးရဲဝင်းသောင်တို့က မြန်မာနိုင်ငံတွင် အယ်နီညိုရာသီဥတု ပြောင်းလဲမှုဖြစ်စဥ်သည် စက်တင်ဘာလမှစတင်၍ အဆင့်ဆင့်သက်ရောက်လာပြီဖြစ်ကြောင်းကို မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာမှ ထုတ်ပြန်ကြေငြာထားရှိခဲ့ပြီးဖြစ်ရာ အယ်နီညိုဖြစ်စဥ်ကြောင့် ငါးလုပ်ငန်းကဏ္ဍအပေါ် သက်ရောက်နိုင်မှုနှင့် အပူချိန်အမြင့်မားဆုံးကာလများဖြစ်သည့် ဖေဖော်ဝါရီလနှင့်မတ်လတို့တွင် ဖြစ်ပေါ်လာနိုင်သည့် ငါးမွေးမြူရေးနှင့် ငါးလုပ်ငန်းလုပ်ကိုင်ကြသည့် ဒေသခံပြည်သူများ ကြုံတွေ့ရမည့် အခြေအနေများကို ကြိုတင်ပြင်ဆင်ထားရှိရန်၊ အယ်နီညိုဖြစ်ပွားချိန်တွင် လုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ဖြစ်ပွားပြီးနောက် ပြန်လည်ထူထောင်ရေး လုပ်ငန်းဆောင်ရွက်နိုင်ရန်၊ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်၊ အယ်နီညိုဖြစ်ပွားချိန်နှင့် ဖြစ်ပွားပြီးနောက် ဆောင်ရွက်ရမည့် အကြောင်းအရာများကို မွေးမြူရေးလုပ်ငန်းရှင်များနှင့် ရေလုပ်သားများအား အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။


ကျောက်တန်း 

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)