မအီမြို့တွင် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် စုဆောင်းထားသော တရားမဝင်နွားများ ဖမ်းဆီးရမိ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအီမြို့တွင် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် စုဆောင်းထားသော တရားမဝင်နွားများ ဖမ်းဆီးရမိ







MNP ၊ အောက်တိုဘာ  ၂၀

ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ မအီမြို့နှင့် ၁၂ မိုင်ခန့်အကွာရှိ လက်ပံကျေးရွာအုပ်စု၊ ဆံထုံးကျေးရွာတွင် တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရန် တရားမဝင် နွားများစုဆောင်းထားကြောင်း သတင်းရရှိသဖြင့် ခမရ(၅၆၆)မှ ဒုတပ်ရင်းမှူး အောင်လင်းအောင်နှင့် တပ်မတော်သားများ၊ မအီနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးဇင်ယုနှင့် တပ်ဖွဲ့ဝင်များက သက်သေများဖြစ်သည့် ခမရ(၅၆၆)မှ ဒုတပ်ရင်းမှူး အောင်လင်းအောင်နှင့် တပ်မတော်သားများ၊ မအီနယ်မြေရဲစခန်းမှ ဒုရဲအုပ်မျိုးဇင်ယုနှင့် တပ်ဖွဲ့ဝင်များက သက်သေများဖြစ်သည့် လက်ပံကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးဦးသောင်းတင်၊ ဆံထုံးကျေးရွာ ရာအိမ်မှူးဦးစိန်ခိုင်တို့ လိုက်ပါလျက် အောက်တိုဘာ ၁၈ ရက်နေ့က သတင်းရရှိရာနေရာသို့ သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။


ထိုသို့ သွားရောက်စစ်ဆေးခဲ့ရာ သတင်းရရှိရာနေရာ၌ နွားထီး(၆၂) ကောင်အား စုဆောင်းထားရှိသည်ကို တွေ့ရှိရ၍ ဒုရဲအုပ် မျိုးဇင်ယုမှ သက်သေများ ရှေ့တွင် နွားထီး(၆၂)ကောင်အားရှာဖွေပုံစံဖြင့်သိမ်းဆည်းကာ ၎င်းနွားများအား စစ်ဆေးခဲ့ရာ နွားထီး (၆၂) ကောင် အနက် ၅၄ ကောင်အား မအီနယ်မြေရဲစခန်းသို့ ယမန်နေ့က သယ်ဆောင်လာခဲ့ပြီး ကျန်ရှိသည့် နွား(၈) ကောင်မှာ ခြေထောက်များနာ (မကျန်းမာ)နေ၍ မအိမြို့၊ တိမွေး/ကုဆရာ ဦးဇော်ဇော်နိုင်အားခေါ်ယူ၍ဆေးဝါးကုသမှုများပြုလုပ်ကာ စုဆောင်းထားရှိ သော နေရာတွင် ထိန်းသိမ်းထားရှိခဲ့သည်။ အဆိုပါ နွားများ စုဆောင်းထားသောနေရာအနီးတွင် လူတစ်ဦး တစ်ယောက်မှ တွေ့ရှိခြင်းမရှိသဖြင့် ပိုင်ရှင်မဲ့သိမ်းဆီးရမိခဲ့ပြီး စခန်းသို့ရောက်ရှိသောနွား(၅၄)ကောင်တွင် ခြေထောက်/ခွါနာ မကျန်းမာသည့် (၁၃)ကောင်နှင့်ကျန်းမာ ရေးကောင်း (၄၁)ကောင်၊ စုစုပေါင်း(၅၄)ကောင်တို့အား မအီနယ်မြေရဲစခန်းတွင် ထိန်းသိမ်းထားရှိကြောင်း သတင်းရရှိသည်။


ဖော်ပြပါ တစ်ဖက်နိုင်ငံသို့ ပို့ဆောင်ရောင်းချရန် စုဆောင်းထားရှိသည့် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိသော နွား(၆၂)ကောင်နှင့်ပတ်သက်၍ ပြစ်မှုကျူးလွန်သူ (စုံစမ်းဆဲ)အား ဥပဒေအရအရေးယူ ဆောင်ရွက်ပေးရန် ဒုရဲအုပ် မျိုးဇင်ယုမှ တရားလိုပြုလုပ်တိုင်တန်းလာသဖြင့် မအီနယ်မြေရဲစခန်းမှ (ပ) ၁၁/၂၃၊ အရေးကြီးကုန်စည်နှင့်ဝန်ဆောင်မှုဥပဒေပုဒ်မ ၅ အရ အမှုရေးဖွင့်၍ အမှုအား ဒုရဲအုပ်မျိုးဇင်ယုက လက်ခံစစ်ဆေး ဆောင်ရွက်လျက်ရှိသည်။ ဆက်လက်၍ အခင်းဖြစ်ရပ်တွင်ကျန်ရှိသည့်နွားထီး (၈)ကောင်အား ရဲစခန်းသို့ သယ်ဆောင်ရောက်ရှိနိုင်ရေး ဆောင်ရွက်ခြင်း၊ တရားလို/ သက်သေ များစစ်ဆေးခြင်း၊ အခင်းဖြစ်မြေပုံကြမ်းရေးဆွဲခြင်း၊ မှတ်တမ်းဓာတ်ပုံရိုက်ကူးခြင်း၊ သက်သေ ခံပစ္စည်းသိမ်းဆည်းခြင်းများဆောင်ရွက်လျက်ရှိပြီး ရဲလုပ်ငန်းများပြည့်စုံအောင် ဆောင်ရွက်ပြီးပါက ဥပဒေနှင့်အညီ အမြန်တရားစွဲ တင်ပို့သွားမည်ဖြစ်ကြောင်း မအီနယ်မြေရဲစခန်းမှ သိရသည်။


မောင်မောင်ဌေး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)