MNP ၊ အောက်တိုဘာ ၂၃
ပဲခူးတိုင်းဒေသကြီး၊ ပေါင်းတည်မြို့နယ်၌ ပလတ်စတစ်အိတ် ဘေးထွက်ဆိုးကျိုးအန္တရာယ်ကို ပြည်သူများသိရှိပြီး ပလတ်စတစ်အိတ်လျှော့ချသုံးစွဲရေး၊ သုံးစွဲမှုပပျောက်ရေးအတွက် အသိပညာပေးခြင်းနှင့် ပလတ်စတစ်အိတ်အစားထိုး ဒေသထွက်အင်ဖက်များ ဝေငှပေးခြင်းလုပ်ငန်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိ ဦးကျော်စွာလင်းနှင့်အတူ ဝန်ထမ်းများ၊ စျေးတာဝန်ခံများနှင့် စျေးအကျိုးတော်ဆောင်များလိုက်ပါလျက် ရွှေတည်စျေးအတွင်း စျေးရောင်းချသူများအား ပလတ်စတစ်အိတ် လျှော့ချသုံးစွဲရေးနှင့် သုံးစွဲမှုပပျောက်ရေးတို့အတွက် ရောင်းကုန်များ ထုတ်ပိုးမှုအစားထိုး ဒေသထွက်အင်ဖက်များကို တစ်ဆိုင်ချင်းလိုက်လံ အခမဲ့ဝေငှပေးခဲ့ကြကြောင်း သိရသည်။
ယင်းနောက် မြို့မစျေးကြီးအတွင်းသို့ အသိပညာပေးဟောပြောခြင်းနှင့် အင်ဖက်များ အခမဲ့ဝေငှပေးခြင်းများကို ဆက်လက်ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
သူရကြီး
https://t.me/MyanmarNationalPost

ليست هناك تعليقات:
إرسال تعليق