Pages

Pages

ဂါဇာမှ အစ္စရေးကို ၂ ပတ်အတွင်း ဒုံးကျည် ၇၀၀၀ နီးပါး ပစ်ခတ်ခဲ့ကြောင်း အစ္စရေးစစ်တပ်က ထုတ်ပြန်



တယ်လ်အဗွီ၊ အောက်တိုဘာ ၂၁

ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခ နှစ်ပတ်အတွင်း ဂါဇာကမ်းမြှောင်မှ အစ္စရေးကို ဒုံးကျည်ပေါင်း ၆၉၀၀ ကျော် ပစ်ခတ်ခဲ့ကြောင်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) ၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

အစ္စရေးတွင် ဂါဇာမှ ဒုံးကျည် ၆၉၀၀ ကျော် ပစ်ခတ်ခဲ့သည်။ အစ္စရေးဘက်တွင် လူပေါင်း ၁၄၀၀ ကျော် သေဆုံးပြီး၄၆၀၀ ကျော် ဒဏ်ရာရရှိခဲ့သည်။ ဓားစာခံ ၂၀၀ ကျော်ကို ဟားမတ်စ် စစ်သွေးကြွများက ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်။

ဟားမတ်စ် တိုက်ခိုက်ရေးသမား ၁,၀၀၀ ကျော်ကို ချေမှုန်းပစ်ခဲ့ကြောင်း အစ္စရေးစစ်တပ် (IDF) က ပြောကြားခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق