Pages

Pages

ဖြူးမြို့နယ်၌ အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများ အသိပညာပေးဟောပြော


MNP ၊ အောက်တိုဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ဖြူးမြို့နယ်အတွင်းရှိ ငါးမွေးတောင်သူများနှင့်ရေလုပ်သားများအား အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရေး အသိပညာပေးဟောပြော​ခြင်းများကို ယမန်နေ့၊မွန်းလွဲပိုင်းက ဖြူးမြို့နယ် ငါးလုပ်ငန်းဦးစီးဌာနရုံးနှင့် ငါးလုပ်ငန်းများလုပ်ကိုင်သည့် ကျေးရွာများ၌ သွားရောက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထိုသို့အသိပညာပေးဟောပြောခဲ့ရာတွင် မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှ တာဝန်ခံနော်ခွီဝါးက အယ်နီညိုရာသီဥတုဖြစ်ပေါ်မှုကြောင့် ငါးမွေးမြူရေးကဏ္ဍအပေါ် သက်ရောက်နိုင်မှုများအား ကြိုတင်ကာကွယ်နိုင်ရန်အချက်များ၊ ဖြစ်ပွားချိန်တွင်လုပ်ငန်းများဆောင်ရွက်ခြင်းတို့အား အသိပညာပေးဟောပြောခဲ့သည်။ အသိပညာပေးဟောပြောပွဲအပြီးတွင် တက်ရောက်လာကြသော ငါးမွေးတောင်သူများနှင့် ရေလုပ်သားများအား အသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


နေမျိုးလွင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق