ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၃ ကျင်းပမည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် ၂၀၂၃ ကျင်းပမည်


MNP ၊ အောက်တိုဘာ ၂၀

ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ စီစဉ်မှုဖြင့် ပြည်နယ်အတွင်းဒေသခံ စွန့်ဦးတီထွင် စီးပွားရေးလုပ်ငန်းရှင်များ ပေါ်ထွက်လာစေရေးနှင့် ရခိုင်ပြည်နယ်၏ အနာဂတ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများနှင့် ပတ်သက်၍ ရည်ရွယ် ကျင်းပသည့် ရခိုင်ပြည်နယ် စီးပွားရေးဖိုရမ် (၂၀၂၃) ကို အောက်တို ဘာလ ၂၂ ရက်နေ့ နံနက် ၉ နာရီ တွင် စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ စီးပွားရေးဖိုရမ်တွင် ရခိုင်ပြည်နယ်မှ စီးပွားရေးလုပ်ငန်းဆိုင်ရာ ပညာရှင်များဖြစ်ကြသည့် ဦးတင်ဇံကျော် (Chair-man ၊ Device Business University - DBU) ၊ ဦးထွန်းထွန်းနိုင် ( President, We Love Rakhine၊ Chairman & Group of CEOBlue Ocean Investment Co.,Ltd) နှင့် ဒေါ်ပန်းအိဖြူ (Chief Operating Officer ၊ Myanmar Payment Solution Services Company) တို့က အဓိကဟောပြောဆွေးနွေး သူများအဖြစ် ဆောင်ရွက်ကြမည်ဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်းရှိ ဒေသခံတိုင်းရင်းသားစီးပွားရေးလုပ်ငန်းရှင်များ၊ တက္ကသိုလ်ကျောင်းသား ကျောင်းသူများ၊ စီးပွားရှင်ပညာရှင်များ၊ လူငယ်များက အနာဂတ်စီးပွားရေး အလားအလာများနှင့် ပတ်သက်သည့် စကားဝိုင်းဆွေးနွေးပွဲသုံးခုကို ဆောင်ရွက်မည်ဖြစ်သည်။

ထို့ပြင် အခမ်းအနား ကျင်းပမည့် ခိုင်သဇင်ခန်းမအတွင်း IT ဆိုင်ရာ ပစ္စည်းများ၊ အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကို ဈေးနှုန်းသက်သာစွာ ရောင်းချသွားမည်ဖြစ်ပြီး ပညာရေးဝန်ဆောင်မှုများ၊ စာအုပ်အရောင်းဆိုင်နှင့် စာအုပ်ပြခန်းများ၊ အလုပ်အကိုင် အခွင့်အလမ်းနှင့် ပတ်သက်သည့် ပြခန်းများကို ထည့်သွင်းထားကာ မည်သူမဆို အခမဲ့တက်ရောက်လေ့လာနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)