ပျဉ်းမနားမြို့နယ်၌ စားသုံးဆီ တစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပျဉ်းမနားမြို့နယ်၌ စားသုံးဆီ တစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ရောင်းချပေး


MNP ၊ အောက်တိုဘာ ၂၄

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ ရပ်ကွက်/ ကျေးရွာများတွင် စားသုံးဆီ တစ်ပိဿာလျှင် ၅၁၀၀ ကျပ်နှုန်းဖြင့် စားသုံးသူများ လက်ဝယ်အရောက် ယနေ့နံနက်ပိုင်းတွင် ရောင်းချပေးလျက်ရှိသည်။


အဆိုပါ ရောင်းချမှုတွင် ပျဉ်းမနားမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်မောင်သန်းနှင့် အဖွဲ့ဝင်များဖြစ်ကြသည့် ဗိုလ်မှူး ဝေဖြိုးနိုင်၊ မြို့နယ် ရဲတပ်ဖွဲ့မှူး ရဲမှူး သိန်းဝင်းထွန်း၊ မြန်မာနိုင်ငံ ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်းများအသင်းမှ အသင်းဝင်များက ပျဉ်းမနားမြို့နယ်  ယောက်သွားအင်းကျေးရွာအုပ်စုမှ အမှန်တကယ် လိုအပ်လျက်ရှိသည့် စားသုံးသူ ပြည်သူများအား စားသုံးဆီ တစ်ပိဿာ ၅၁၀၀ ကျပ်နှုန်းဖြင့် အိမ်ထောင်စု ၃၅၀အား ရောင်းချပေးခဲ့ကြောင်း သိရသည်။


မျိုးသီဟ

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)