MNP ၊ အောက်တိုဘာ ၁၀
ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ အသိပညာပေးဟော ပြောပွဲကို ယနေ့ နံနက် ၁၁ နာရီအချိန်က မြောက်ဦးမြို့နယ် တမ်ညိုကျေးရွာ ၊ ဓမ္မာရုံ၌ ဟောပြော ပွဲကျင်းပခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြောက်ဦးခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဆန်းကျော် က "ပလတ်စတစ်စွန့်ပစ်ပစ္စည်းများ၏အန္တရာယ်" ခေါင်းစဉ်ဖြင့် အသိပညာပေး ဟောပြောရာတွင် ပလတ်စတစ်သည် လူတို့၏နေ့စဉ်ဘဝတွင် မရှိမဖြစ်အသုံးပြုနေရသည့် ပစ္စည်းဖြစ်နေသော်လည်း မျက်မှောက်ကာလတွင် ပလတ်စတစ်ညစ်ညမ်းမှုကြောင့် လူနှင့်တိရစ္ဆာန် တို့သာမက ဂေဟစနစ် တစ်ခုလုံးကို ဘေးဥပဒ်ပေးနိုင်သည့်သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာဖြစ်လာနိုင်ကြောင်း၊ ပလတ်စတစ်၏ အဓိကပြသနာမှာ ပလတ်စတစ်သည် စက္ကူ၊ သစ်၊ဝါး စသည့် အော်ဂဲနစ်ပစ္စည်း များကဲ့သို့ ဆွေးမြည့်ပျောက်ကွယ်ခြင်းမရှိဘဲ နှစ်ပေါင်းများစွာ တည်မြဲနေသောကြောင့် ပတ်ဝန်း ကျင်ထိခိုက်စေနိုင်သည့် စသောအကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်၊၊
ထို့နောက် အသိပညာပေးဟောပြောပွဲသို့ ဒေသခံပြည်သူများ တက်ရောက်ခဲ့ပြီး ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာအသိပညာပေးလက်ကမ်းစာစောင်များဖြန့်ဝေခဲ့ကြောင်း သိရသည်။
မြင့်စိုး
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق