Pages

Pages

နမ့်ဆန်မြို့ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ


MNP ၊ အောက်တိုဘာ ၂၄

ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများကို အောက်တိုဘာ၂၂ရက်နေ့ နံနက် (၉)နာရီအချိန်က စတင်ပြီး ပင်စင်စားများအား ထုတ်ပေးလျက်ရှိသည်။


ထိုသို့ ထုတ်ပေးရာတွင် နမ့်ဆန်မြို့နယ်တွင် အငြိမ်းစားပင်စင်စားဦးရေ (၁၈၉)ဦးရှိပြီး ပင်စင်လစာငွေများကို ပင်စင်လစာငွေများကို မိမိကိုယ်တိုင်သော် လည်းကောင်း ကိုယ်တိုင်လာရောက် ထုတ်ယူနိုင်ခြင်းမရှိသူများကို မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စား လာရောက်ထုတ်ယူနိုင်ကြောင်း၊ ငွေထုတ်ယူရာတွင် အဆင်ပြေချောမွေ့စေရေး ဘဏ်ဝန်ထမ်းများမှ ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်အရ သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق