MNP ၊ အောက်တိုဘာ ၁၁
အောက်တိုဘာ (၁၂) တွင် ကျင်းပမည့် ၂၀၂၆ ကမ္ဘာ့ဖလား ခြေစစ်ပွဲ (အာရှဇုန်) ပထမအဆင့်၊ ပထမအကျော့ ပွဲစဉ်အတွက် ပွဲကြို သတင်းစာရှင်းလင်းပွဲကို အောက်တိုဘာ (၁၁) ရက် နေ့လယ်ပိုင်းက သုဝဏ္ဏကွင်းရှိ သတင်းစာ ရှင်းလင်းပွဲ ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှ မကာအိုနှင့် မြန်မာအသင်း နည်းပြနှင့် ကစားသမားများ၏ ပြောစကားများကို ဖော်ပြပေးလိုက်ပါသည်။
Lozaro Oliveira ( မကာအိုအသင်း နည်းပြ )
ပြီးခဲ့တဲ့ပွဲတွေမှာ ရလဒ် မကောင်းခဲ့ပေမယ့် မြန်မာနဲ့က စားရမယ့် ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် အတွက် အကောင်းဆုံး ပြင်ဆင်ထားပါတယ်။မြန်မာအသင်း ဖွဲ့ စည်းပုံက ကျွန်တော်တို့ထက် ပိုစနစ်ကျပြီး ပရော်ဖက်ရှင်နယ် ကစားသမားတွေ ပါဝင်ပါတယ်။ ဒါပေမဲ့ မြန်မာ အသင်းမှာလည်း အားနည်းချက်တွေ ရှိပါတယ်။ မြန်မာ အသင်းနဲ့ပွဲမှာ ရလဒ်ကောင်း ယူနိုင်ဖို့ စိတ်ဓာတ်ပိုင်း ဆိုင်ရာကအစ အကောင်းဆုံး ပြင်ဆင်ထားပါတယ်။ ခြေစမ်းပွဲမှာမြန်မာအသင်းကို ရူံးနိမ့်ထားပေမယ့် အခု ကစားမယ့်ပွဲက ခြေစမ်းပွဲမဟုတ်ပါဘူး။ ကမ္ဘာ့ဖလား ခြေစစ်ပွဲစဉ် ဖြစ်တာကြောင့် ဒုတိယ အကျော့အတွက် ကောင်းမွန်တဲ့ ရလဒ်ရဖို့ ပြင်ဆင်သွားမှာပါ။
Filipe Duarte ( မကာအိုအသင်း နောက်ခံလူ )
ပြီးခဲ့တဲ့ ဇွန်၊ တရုတ်နိုင်ငံမှာ ကစားခဲ့တဲ့ ခြေစမ်းပွဲမှာ မြန်မာအသင်းကို၂ဂိုးပြတ်ရူံးထားပေမယ့် ပွဲချင်းက မတူညီတာမို့ ကျွန်တော်တို့ အနေနဲ့ ရလဒ်ကောင်းရဖို့ ကြိုး စားကစားသွားမှာ ဖြစ်ပါတယ်။
Miachel Feichtenbeiner ( မြန်မာအသင်းနည်းပြချုပ် )
ကျွန်တော့်အနေနဲ့ ဒီပွဲမှာ ရလဒ်ကောင်းဖို့၊ခြေစွမ်းကောင်း ဖို့၊ ဒုတိယအကျော့ပွဲစဉ် ကစားရမှာ အထောက်အကူဖြစ်စေဖို့ ပြင်ဆင်သွားမှာဖြစ်ပါတယ်။ ပထမအကျော့ကို အိမ်ကွင်းမှာ ကစားရတာကြောင့် အခွင့်အရေးကောင်းကို အပိုင် အသုံးချရမှာ ဖြစ်ပါတဟ်။ မကာအိုကို ခြေစမ်းပွဲမှာ နိုင်ထားပေမယ့် အာရုံစိုက် ကစားသွားရမှာ ဖြစ်ပါတယ်။ ပရိသတ် အားပေးမှုနဲ့အတူ ရလဒ်ကောင်းယူဖို့ မျှော်လင့်ထားပါတယ်။ ပြီးခဲ့တဲ့ ပွဲတွေမှာ သွင်းဂိုးနည်းခဲ့ပေမယ့် နောက်ဆုံး ၃ပွဲဆက် ဂိုးမပေးခဲ့ရပါဘူး။ အသင်း တစ်သင်းဟာ ခံစစ်၊ တိုက်စစ် ဟန်ချက်ညီဖို့ လိုပါတယ်။ ဂိုးတွေ ပိုသွင်းနိုင်ဖို့ ပြင်ဆင်ထားပါတယ်။ အဓိက ဂိုးသ မား ကျော်ဇင်ဖြိုး ဒဏ်ရာကြောင့် မပါပေမယ့် အခြားဂိုးသမား ကောင်းတွေရှိနေလို့ ပြဿနာမရှိပါဘူး။ လေ့ကျင့် ပြင်ဆင်ချိန် ရက်ပိုင်းသာရပေမယ့် အကောင်းဆုံး ရလဒ်ယူနိုင်ဖို့ ကစားသမားတွေကြိုးစားနေကြပါတယ်။
မောင်မောင်လွင် ( မြန်မာအသင်း ခေါင်းဆောင် )
မကာအိုကို ခြေစမ်းပွဲမှာ နိုင်ထားပေမယ့် မတူညီတဲ့ပွဲ ကစားရမှာ ဖြစ်တာကြောင့် ထင်သလောက် လွယ်ကူမှာ မဟုတ်ပါဘူး။ ပြင်ဆင်ချိန်က ရက်ပိုင်းသာရှိပေမယ့် ပြဿနာ မရှိပါဘူး။ ဒီပွဲက ပွဲကောင်းတစ်ပွဲဖြစ်လာဖို့ရှိပြီး ရလဒ်ကောင်းဖို့ ကြိုးစားသွားမှာပါ။
https://t.me/MyanmarNationalPost






ليست هناك تعليقات:
إرسال تعليق