မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်တွင် ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာ့ရိုးရာသီတင်းကျွတ်မီးထွန်းပွဲတော်တွင် ပြည်သူများပျော်ရွှင်စွာပါဝင်ဆင်နွှဲ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးပြုလုပ်


MNP ၊ အောက်တိုဘာ  ၂၀

ရတနာပုံဥယျာဉ်တွင်ပြုလုပ်မည့် မြန်မာ့ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်၌ ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲစည်ကား သိုက်မြိုက်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး (၃)ထပ်ဆောင် အစည်းအဝေးခန်းမတွင် ကျင်းပသည်။


အစည်းအဝေး၌ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဦးမျိုးအောင်က အဖွင့်အမှာစကား ပြောကြားရာတွင် မန္တလေးနန်းမြို့ရိုးနှင့် ကျုံးရေပြင်အကြားရတနာပုံ ဥယျာဉ်တွင် မြန်မာ့ရိုးရာသီတင်းကျွတ် မီးထွန်းပွဲတော်ကို သီတင်းကျွတ်လပြည့်နေ့မတိုင်မီနှင့် လပြည့်နေ့တို့၌ ကျင်းပသွားမည်ဖြစ်ပါကြောင်း၊ ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲနိုင်ရေးနှင့် စည်ကားသိုက်မြိုက်စွာ ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများ ဖွဲ့စည်းတာဝန်ပေးထားပြီး ဖြစ်ပါကြောင်း၊ ဆီမီးထွန်းညှိ၍ပူဇော်ခြင်း၊ ကျုံးရေပြင်အတွင်း ဆီမီးခွက်များ မီးထွန်းညှိ၍ ရေမျှောပူဇော်ခြင်း၊ မီးရှူးမီးပန်းများ ပစ်လွှတ်ပူဇော်ခြင်း၊ မီးပုံးပျံများလွှတ်တင်ပူဇော်ခြင်းများ၊ ပြည်သူများ စိတ်ပျော်ရွှင်ချမ်းမြေ့စွာ ကြည့်ရှုနိုင်ရန် မြန်မာမှုနှင့်ခေတ်ပေါ်တေးသီချင်းများ ဖြင့်ဧည့်ခံဖျော်ဖြေခြင်း၊ ရိုးရာခြင်းလုံးခတ်ခြင်းနှင့် ဆင်အကများဖြင့် တင်ဆက်ဖျော်ဖြေခြင်းများ၊ မြန်မာ့ရိုးရာအစားအစာများဖြင့် စတုဒီသာကျွေးမွေးဧည့်ခံခြင်းတို့အပါအဝင် အခြားအစီအစဉ်များကိုလည်း စည်ကားသိုက်မြိုက်စွာ ထည့်သွင်းကျင်းပ သွားမည်ဖြစ်ပါကြောင်း၊ ကဏ္ဍများအလိုက်လုပ်ငန်းများ ဆောင်ရွက်ရာတွင်လစ်ဟာမှုမရှိစေရေး အားလုံးပူးပေါင်းကာ အလေးထား ဆောင်ရွက်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများကဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီအလိုက် ဆွေးနွေးအကြံပြုတင်ပြကြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)