Pages

Pages

နှစ်နိုင်ငံ အဖြေရှာမှသာ အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးကို အာမခံနိုင်မည်ဟု ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်က ပြောကြား


ကုလသမဂ္ဂ၊ အောက်တိုဘာ ၂၄

အရှေ့အလယ်ပိုင်း ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးအတွက် တစ်ခုတည်းသော လက်တွေ့ကျသော အခြေခံအုတ်မြစ်မှာ အစ္စရေးနှင့် ပါလက်စတိုင်းနိုင်ငံများ၏ အတူယှဉ်တွဲနေထိုင်ရေးဖြစ်သည်ဟု ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ပြောကြားခဲ့သည်။

“အခုလို ဆိုးရွားပြီး အန္တရာယ်ကျရောက်နေချိန်မှာ စစ်မှန်တဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေး အတွက် တစ်ခုတည်းသော လက်တွေ့ကျတဲ့ အခြေခံ အုတ်မြစ်ကို မမြင်နိုင်ပါဘူး” ဟု အရှေ့အလယ်ပိုင်း အခြေအနေကို ရည်ညွှန်းသည့် ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ စကားစစ်ထိုးပွဲတွင် ၎င်းက ပြောကြားခဲ့သည်။

"အစ္စရေးသည် ၎င်းတို့၏ လုံခြုံရေးအတွက် တရားဝင် လိုအပ်ချက်များကို မြင်တွေ့ရမည် ဖြစ်ပြီး ပါလက်စတိုင်းသားများသည် ကုလသမဂ္ဂ ဆုံးဖြတ်ချက်များ၊ နိုင်ငံတကာ ဥပဒေများနှင့် ယခင် သဘောတူညီချက်များနှင့်အညီ လွတ်လပ်သော နိုင်ငံတော်အတွက် ၎င်းတို့၏ တရားဝင် မျှော်မှန်းချက်များကို မြင်တွေ့ရမည်" ဟု အထွေထွေ အတွင်းရေးမှူးက ဆက်လက် ပြောကြားခဲ့သည်။

ဂူတာရက်စ်က သတင်းတုများနှင့် ပတ်သက်၍လည်း သတိပေးခဲ့သည်။

“ကိုးကွယ်ယုံကြည်မှု ဆန့်ကျင်ရေး၊ မွတ်ဆလင်ဆန့်ကျင်ရေးနဲ့ အမုန်းပွားမှု မျိုးစုံကို ဆန့်ကျင်တဲ့ အင်အားစုတွေဘက်က ရပ်တည်ရမယ်” ဟု ၎င်းက ဆက်လက်ပြောသည်။


Ref - TASS

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق