Pages

Pages

ထိုင်းဘုရင်မင်းမြတ်နှင့် မိဖုရားတို့ ချင်းမိုင်မြို့သို့ လာရောက်စဉ် တော်ဝင်အခမ်းအနားဖြင့် ခရီးဦးကြိုပြုခြင်းနှင့် ပို့ဆောင်ခြင်း အစီအစဉ်သို့ မြန်မာကောင်စစ်ဝန်ချုပ်ရုံး ယာယီတာဝန်ခံ တက်ရောက်





MNP ၊ အောက်တိုဘာ ၂၁

ထိုင်းနိုင်ငံဘုရင်မင်းမြတ် His Majesty King Maha Vajiralongkorn Phra Vajiraklaochaoyuhua နှင့် မိဖုရား Her Majesty Queen Suthida Bajrasudhabimalalakshana တို့သည့် ၂၀-၁၀-၂၀၂၃ ရက်တွင် ချင်းမိုင်မြို့၌ ကျင်းပပြုလုပ် ခဲ့သည့် နိုင်ငံတကာအဆင့် ရေခဲပြင်ဟော်ကီ အားကစားကွင်းအသစ်ဖွင့်လှစ်ပွဲအခမ်းအနားသို့ တက်ရောက်ရန်အတွက် လာရောက်စဉ် ချင်းမိုင်တပ်မတော်လေယာဉ်ကွင်း(Wing-41)တွင် ကျင်းပပြုလုပ်ခဲ့သည့် တော်ဝင်အခမ်းအနားဖြင့် ခရီးဦးကြိုပြုခြင်းနှင့် ပို့ဆောင်ခြင်း အစီအစဉ်သို့  မြန်မာကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ ဦးဇေယျာမျိုးမြင့် တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါတော်ဝင်အခမ်းအနားဖြင့် ခရီးဦးကြိုပြုခြင်းနှင့် ပို့ဆောင်ခြင်းအစီအစဉ်သို့ ချင်းမိုင် ဒေသတွင်းရှိတော်ဝင်မိသားစုဝင်များ၊ ချင်းမိုင်ခရိုင်အုပ်ချုပ်‌ရေးမှူး Mr.Nirat Pongsitthaworn ၊ နယ်မြေခံ ထိုင်းတပ်မတော်မှ တာဝန်ရှိသူများ၊ ဌာနဆိုင်ရာအသီးသီးမှ အကြီးအကဲများနှင့် ချင်းမိုင်မြို့ရှိ ကောင်စစ်ရုံးများမှ ဂျပန်ကောင်စစ်ဝန်ချုပ်၊ အိန္ဒိယကောင်စစ်ဝန်၊ တရုတ်ကောင်စစ်ဝန်ချုပ်ရုံးယာယီတာဝန်ခံ တို့နှင့်အတူ ပါဝင်တက်ရောက်ခဲ့ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق