နမ့်ခမ်းမြို့နယ်၌ စိုက်ပျိုးသည့် မိုးစပါး(၁၂၂၈၆)ဧက အောင်မြင်ဖြစ်ထွန်း - Myanmar National Post

Myanmar National Post

News Agency

Breaking

နမ့်ခမ်းမြို့နယ်၌ စိုက်ပျိုးသည့် မိုးစပါး(၁၂၂၈၆)ဧက အောင်မြင်ဖြစ်ထွန်း


MNP ၊ အောက်တိုဘာ   ၁၀

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်အတွင်းရှိ စပါးတောင်သူများ၏ ၂၀၂၃-ခုနှစ် မိုးစပါးများစိုက်ပျိုးမှု လျာထားဧက (၁၂၂၈၆)ဧက စိုက်ပျိုးထားရှိပြီး ကောင်းမွန်ဖြစ်ထွန်းလျက်ရှိကြောင်း သိရသည်။


နမ့်ခမ်းမြို့နယ်အတွင်း၌ ဒေသတွင်းစားသုံးရန် ကြိုက်နှစ်သက်နိုင်သော DU-16 စပါးမျိုးကိုအများဆုံး စိုက်ပျိုးလျက်ရှိသည်။မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် လယ်သမားတောင်သူများ ပူးပေါင်း၍ DU-16  စပါးမျိုးသန့်မျိုးစေ့ထုတ်လုပ်ရန်အတွက် (၁၀)ဧကခန့် စိုက်ပျိုးဆောင်ရွက်ထားရှိပါသည်။ တောင်သူလယ်သမားများ မိုးစပါးများစိုက်ပျိုးရာတွင် သီးနှံများအောင်မြင်ဖြစ်ထွန်းရေးအတွက် လိုအပ်သော စိုက်ပျိုးရေးဆိုင်ရာ နည်းပညာများ၊ သွင်းအားစုများ၊ သီးနှံမျိုးစေ့များ ကူညီထောက်ပံ့ခြင်းများကို စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများက ကူညီထောက်ပံ့ခြင်းများ ဆောင်ရွက်လျက်ရှိပြီး ပိုးမွှားများကျရောက်မှုမရှိစေရေး သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။ယခုနှစ် မိုးရာသီကာလအတွင်း မြို့နယ်အတွင်းရှိ ရွှေလီမြစ်ကမ်းနှင့် နီးစပ်သော လယ်များတစ်ချို့၌ မြစ်ရေကြီး၍ရေနစ်မြုပ်မှုရှိခဲ့သော်လည်း စိုက်ပျိုးထားသော စပါးများကြီးမားသည့် ထိခိုက်ပျက်စီးမှု ဖြစ်ပွားခြင်းမရှိပါကြောင်း သိရသည်။


အဆိုပါ  မိုးစပါးများကို နမ့်ခမ်းမြို့နယ်၌ ဇူလိုင်လ လကုန်ပိုင်း စတင်စိုက်ပျိုးထားပြီး အောက်တိုဘာလ လကုန်ပိုင်းတွင် စတင်ရိတ်သိမ်းသွားမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနထံမှ သိရသည်။


https://t.me/MyanmarNationalPost






ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)