ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပမည့် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံ တက်ရောက်မည် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဘယ်လာရုစ်နိုင်ငံတွင် ကျင်းပမည့် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့်ညီလာခံ တက်ရောက်မည်


MNP ၊ အောက်တိုဘာ ၂၅

ဘယ်လာရုစ်နိုင်ငံခြားရေးဝန်ကြီး စယ်ရဂေးအာလယဲနိခ်၏ဖိတ်ကြားချက်အရ ပြည်ထောင်စုအစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန (၂) ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၂၆ ရက်မှ ၂၇ ရက်အထိ ဘယ်လာရုစ်နိုင်ငံ မင့်စ်မြို့တွင်ကျင်းပမည့် ယူရေးရှားဒေသလုံခြုံရေးဆိုင်ရာ နိုင်ငံတကာအဆင့်မြင့် ညီလာခံသို့တက်ရောက်ရန် ယမန်နေ့က မန္တလေးမြို့မှ အပြည်ပြည်ဆိုင်ရာ မြန်မာလေကြောင်း (MAI) ဖြင့် ထွက်ခွာသွားသည်။

ပြည်ထောင်စုဝန်ကြီး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ကို ပြည်ထောင်စုအစိုးရ အဖွဲ့ရုံးဝန်ကြီးဌာနမှ တာဝန်ရှိသူများက မန္တလေးအပြည်ပြည်ဆိုင်ရာလေဆိပ်၌ ပို့ဆောင် နှုတ်ဆက်ကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)