ရေဘေးကြုံတွေ့ခဲ့ရသည့် ပဲခူးမြို့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ တန်ဖိုးသင့်ဈေးဆိုင်ခန်းများ ဖွင့်လှစ်၍ စားသောက်ကုန်များ ရောင်းချပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ရေဘေးကြုံတွေ့ခဲ့ရသည့် ပဲခူးမြို့တွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ တန်ဖိုးသင့်ဈေးဆိုင်ခန်းများ ဖွင့်လှစ်၍ စားသောက်ကုန်များ ရောင်းချပေးလျက်ရှိ


MNP ၊ အောက်တိုဘာ ၂၀

ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ အမှတ် (၇၇) ခြေမြန်တပ်မဌာနချုပ်၊ ဒုတပ်မမှူးနှင့်အတူ အောက်တိုဘာလ(၂၀)ရက်နေ့၊ နံနက်ပိုင်းက ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ရောင်းချလျက်ရှိသော ကိုယ်တိုင်စိုက်ပျိုးမွေးမြူ ထုတ်လုပ်သူများ တိုက်ရိုက်အရောင်းဆိုင်များတွင် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတပ်နယ်မှ လာရောက်ရောင်းချနေမှုများအား သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတပ်နယ်ရှိ တပ်မတော်သားများတပ်အတွင်း စိုက်ပျိုးမွေးမြူထုတ်လုပ်လျက်ရှိသည့် တန်ဖိုးသင့် အသား၊ ငါး၊ ဥနှင့် ဟင်းသီးဟင်းရွက်များအား သင့်တင့်သည့်တန်ဖိုးများဖြင့် ဒေသခံပြည်သူများ လွယ်ကူသက်သာစွာ ဝယ်ယူနိုင်ရေး ရောင်းချပေးနေမှုအား ကြည့်ရှုအားပေးခဲ့သည်။

တောင်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ပဲခူးတပ်နယ်အရောင်းများတွင် ဝက်(၁)ပိဿာ (၁၂၀၀၀)ကျပ်၊ ကြက်သား (၁)ပိဿာ (၇၀၀၀)ကျပ်၊ ငါး(၁)ပိဿာ (၅၀၀၀)ကျပ်၊ ဘဲဥ(၁)လုံး (၂၅၀)ကျပ်၊ ကြက်ဥ(၁)လုံး (၂၀၀)ကျပ်နှင့် တပ်မတော်ထုတ် အသား/ငါး/ပဲဗူးများ၊ ခေါက်ဆွဲခြောက်များ၊ ရွှေဖီဦးလက်ဘက်ရည်ထုပ်များ၊ ဟင်းသီးဟင်းရွက်များအား တစ်ပတ်လျှင်(၁)ကြိမ် လာရောက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။

ထို့နောက် ယမန်နေ့ကဖွင့်လှစ်ခဲ့သည့် MSMEs အရောင်းစင်တာဖွင့်လှစ်ထားရှိမှုအား သွားရောက်ကြည့်ရှုစစ်ဆေးခဲ့ပြီး ဒေသစုံမှထွက်ရှိသည့် MSMEs ဒေသထွက်ကုန်ပစ္စည်းများ ပြတ်လတ်မှုမရှိစေရေး နေ့စဉ်ဖြည့်တင်းဆောင်ရွက်ရန်၊ မြို့နယ်အလိုက် ထပ်မံရောင်းချလိုတဲ့ MSMEs လုပ်ငန်းရှင်များနှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်နှင့် လက်လီ/လက်ကား ရောင်းဝယ်နိုင်ရေးနှင့် Social Media အသုံးပြု၍ ဈေးကွက်ချဲ့ထွင်ဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။           


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)