အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

အဆင့်မြင့် အိမ်တွင်းမှု စက်ချုပ်သင်တန်းအမှတ်စဉ် (၅) သင်တန်းဖွင့်ပွဲ အခမ်းအနား ကျင်းပ



MNP ၊ အောက်တိုဘာ  ၂၃

ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာန၊ အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာသင်တန်း‌ကျောင်း (ဗန်းမော်)၏ သင်တန်းကျောင်းခန်းမ၌ အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းအမှတ်စဉ် (၅)ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီခန့်က ကျင်းပခဲ့ကြောင်းသိရသည်။


အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်လွင်က သင်တန်းသို့တက် ရောက်လာကြသည့် သင်တန်းသူများဖြစ်သည့် ပြည်ထောင်စုတိုင်းရင်းသူများသည် ပညာရှာမှီးရင်း တိုင်းရင်းသူအချင်းချင်း ပိုမိုစည်းလုံးချစ်ခင်လျက် ပြည်ထောင်စုစိတ်ဓာတ်ခိုင်မြဲသည့် တိုင်းရင်းသူလေးများ ဖြစ်လာစေရန်၊ နယ်စပ်ဒေသနှင့် ဆင်းရဲနွမ်းပါးသော ဒေသများရှိ အမျိုးသမီးငယ်များကို အိမ်တွင်းမှု သက်မွေးပညာများ သင်ကြားပေးရန်နှင့် သင်ကြားတတ်မြောက်သည့် အသက်မွေးဝမ်းကျောင်း ပညာရပ်များဖြင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်း ထူထောင်နိုင်သည်အထိ ကူညီဆောင်ရွက်ပေးရန်၊ တိုင်းချစ်ပြည်ချစ်၊ အမျိုးချစ်စိတ် အစဉ်ရှင်သန် ထက်မြက်နေသည့် အမျိုးသမီးလေးများ ဖြစ်လာစေရန်၊ နိုင်ငံတော်က အိမ်တွင်းမှုပညာရပ်များကို နယ်စပ်ဒေသတွင်ရှိသည့် တိုင်းရင်းသူလေးများအတွက်သာမက လူဦးရေထူထပ်သည့် အတွင်းပိုင်းဒေသက အမျိုးသမီးလေးများ အသိပညာ၊ အတတ်ပညာများတိုးပွားစေရေး အလုပ်အကိုင် အခွင့်အလမ်းများ ရရှိစေရေးနှင့် ဆင်းရဲနွမ်းပါးမှု လျော့ချစေရေးစသည့် ရည်ရွယ်ချက်များဖြင့် အဆင့်မြင့် အိမ်တွင်းမှုစက်ချုပ်သင်တန်းကို ဖွင့်လှစ်ပေးခြင်းဖြစ်ကြောင်း အဖွင့်အမှာစကား ပြောကြားခဲ့သည်။


ထို့နောက် အမျိုးသမီးအိမ်တွင်းမှု သက်မွေးပညာ သင်တန်း‌ကျောင်း(ဗန်းမော်) ကျောင်းအုပ် ဆရာမကြီး ဒေါ်သိင်္ဂီအေးက သင်တန်းအတွင်း ထောက်ပံ့သည့် သင်ထောက်ကူပစ္စည်းများနှင့် သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းပြောကြားခဲ့သည်။ အဆိုပ်သင်တန်းသို့ ကချင်ပြည်နယ်အတွင်းရှိ ခရိုင်၊ မြို့နယ်နှင့် မြို့များမှ အမျိုးသမီးငယ် (၃၀)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ ၂၃.၁၀.၂၀၂၃ ရက်နေ့မှ ၂၂.၃.၂၀၂၄ရက်နေ့အထိ ရက်သတ္တပတ်(၂၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)