ဂါဇာကမ်းမြောင်ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ သယ်ဆောင်သည့် ထရပ်ကားများ ရာဖာ ဖြတ်ကျော်ရေးဂိတ်မှ ဝင်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂါဇာကမ်းမြောင်ဒေသခံများအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ သယ်ဆောင်သည့် ထရပ်ကားများ ရာဖာ ဖြတ်ကျော်ရေးဂိတ်မှ ဝင်ရောက်



ကိုင်ရို၊ အောက်တိုဘာ ၂၁

ဂါဇာကမ်းမြောင်ဒေသခံများအတွက် အထောက်အပံ့များ သယ်ဆောင်လာသော ပထမဆုံး ထရပ်ကားများသည် အီဂျစ်နှင့် ဂါဇာကမ်းမြှောင်ကြား နယ်စပ်ရှိ ရာဖာ ဖြတ်ကျော်ရေးဂိတ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့ကြောင်း Al-Qahera al-Ihbariya ရုပ်သံလိုင်းက ဖော်ပြသည်။

မြောက်ဆိုင်းနိုင်းပြည်နယ် အုပ်ချုပ်ရေးမှူးရုံးမှ အီဂျစ်လခြမ်းနီအဖွဲ့ဝင်တစ်ဦး၏ ပြောကြားချက်အရ အစ္စရေးတို့၏ တိုက်ခိုက်မှုအတွင်း ဒဏ်ရာရ ပါလက်စတိုင်းတို့အား အရေးပေါ် ကုသပေးရန်အတွက် ဂါဇာသည် ဆေးဝါးများ လက်ခံရရှိမည်ဖြစ်သည်။

နှစ်ဖက်အဖွဲ့များ၏ သဘောတူညီချက်အရ အီဂျစ်နိုင်ငံ Al Arish သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီဖြင့် ကုန်တင်ယာဉ် အစီး ၂၀ သည် စနေနေ့က ရာဖာ နယ်စပ်ကို ဖြတ်ကျော်ဝင်ရောက်ခဲ့သည်။ အီဂျစ်လခြမ်းနီနှင့် ကုလသမဂ္ဂတို့မှ တာဝန်ရှိသူများက အဆိုပါ လုပ်ငန်းစဉ်ကို ကြီးကြပ်ခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်က ဂါဇာကမ်းမြောင်ဒေသတွင် အကူအညီများ ဖြန့်ဝေပေးမည်ဟု ကုလသမဂ္ဂ ကယ်ဆယ်ရေးနှင့် အလုပ်အဖွဲ့ UNRWA က သောကြာနေ့တွင် ပြောကြားခဲ့သည်။

လူသားချင်းစာနာထောက်ထားမှုအကူအညီအတွက် ထရပ်ကားအစီးရေ ၂၀၀ ခန့်သည် ရာဖာလမ်းဖြတ်တွင် စောင့်စိုင်းလျက်ရှိသည်။


Ref - TASS

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)