ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၀)ကတ် ပေးအပ်ပွဲကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ကြီးတံခွန်မြို့နယ် အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်းတွင် နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၀)ကတ် ပေးအပ်ပွဲကျင်းပ

 




MNP ၊ အောက်တိုဘာ   ၁၁

မဟာအောင်မြေခရိုင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာ အထက်တန်းကျောင်း (ခွဲ)စုစုပေါင်း(၉)ကျောင်းအား ပန်းခင်းစီမံချက်အဆင့်(၂)ဖြင့် ကွင်းဆင်းဆောင်ရွက်ပြီးသော နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၀)ကတ်ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါမြို့နယ်ရှိ အမှတ်(၂၇)အခြေခံပညာအထက်တန်းကျောင်း၌ ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ၊ ကျောင်းအုပ်ကြီးများ၊ ဆရာဆရာမများနှင့် ကျောင်းသား/ကျောင်းသူများ၊ ဖိတ်ကြားထားသူများ တက်ရောက်ကြပြီး ကျောင်းသားကျောင်းသူများက ဇာတိမာန်သီချင်းဖြင့် သီဆို၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။


ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က အဖွင့်စကားပြောကြားရာတွင် နိုင်ငံသားတိုင်း မရှိမဖြစ်ကိုင်ဆောင်ရသည့် နိုင်ငံသားစိစစ်ရေးကတ်ပြားအတွက် နိုင်ငံတော်ကပန်းခင်းစီမံချက်ချမှတ်ပြီး ကျောင်းများ၊ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်/ကျေးရွာများပါမကျန် ကွင်းဆင်းကာ ပြုလုပ်ဆောင်ရွက်ပေးနေပါကြောင်း၊ ခရီးသွားလာရာတွင် အသုံးပြုရုံတင်မကဘဲ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေး စသည့်ကဏ္ဍများတွင် အရေးပါသည့်ကတ်ပြား တစ်ခုဖြစ်ပါကြောင်း၊ ယခုလိုကျောင်းများသို့ တိုက်ရိုက်ကွင်းဆင်းဆောင်ရွက်ပေးခြင်းဖြင့် ဆရာ/ဆရာမများနှင့် ကျောင်းသား/ကျောင်းသူများအတွက် များစွာအကျိုးရှိပါကြောင်းနှင့် လူတစ်ယောက်အတွက် တစ်သက်သာတွင် နိုင်ငံသားစိစစ် ရေးကတ်ပြားနံပါတ် တစ်ခုတည်းသာ အသုံးပြုရမည်ဖြစ်သည့်အတွက် ရရှိပြီးနိုင်ငံသားစိစစ်ရေး ကတ်ပြားများကို မပျောက်၊ မပျက်စီးအောင် စနစ်တကျ ကိုင်ဆောင်သွားကြရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။


၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်လူမှုရေးရာဝန်ကြီးတို့ ကပန်းခင်းစီမံချက်(၂)ဖြင့် ဆောင်ရွက်ပြီးစီးခဲ့သည့် အခြေခံပညာအထက်တန်းကျောင်းနှင့် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) စုစုပေါင်း(၉)ကျောင်းမှ နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၅၇၀)ကတ်အား သက်ဆိုင်ရာ ကျောင်းအုပ်ကြီးများထံသို့ ပေးအပ်ကာ ကျောင်းအုပ်ဆရာကြီးက ကျေးဇူးတင်စကားပြောကြားပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကွင်းဆင်းဆောင်ရွက်ခဲ့သည့် မှတ်တမ်းဓာတ်ပုံများနှင့် ကျောင်းသား/ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြား ထုတ်ပေးနေမှုများကို ကြည့်ရှုအားပေးခဲ့သည်။


နိုင်ငံတော်စီမံချက်ဖြင့် ပန်းခင်းစီမံချက်အဆင့်(၁)ကို ၂၀၂၁ ခုနှစ် မေလမှ ၂၀၂၂ ခုနှစ်ဇူလိုင်လအထိ ဆောင်ရွက်ခဲ့ရာ မန္တလေးတိုင်းဒေသကြီးအနေဖြင့် (၄၀၄,၅၉၁)ဦးအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ခဲ့ကြောင်း၊ ပန်းခင်းစီမံချက်အဆင့်(၂)ကို ၂၀၂၃ ခုနှစ် ဩဂုတ်လမှ စတင်ဆောင်ရွက်လျက်ရှိရာ (၅၈.၀၁)ရာခိုင်နှုန်း ဆောင်ရွက်ပြီးဖြစ်ကြောင်းနှင့် Smart Card သို့ အခြေခံထားသည့် Biometric (ဇီဝဆိုင်ရာအချက်အလက်) ကောက်ယူခြင်းများကို လည်းကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။


ထွန်းထွန်းနိုင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)