Pages

Pages

ရမည်းသင်းမြို့နယ်၌ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ




MNP ၊ အောက်တိုဘာ   ၁၀

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းမြို့နယ်၊ စီဗွီလိုင်းရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၌ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ"ကို ယနေ့နံနက် ၉ နာရီက ပြုလုပ်ခဲ့သည်။             


အဆိုပါဟောပြောပွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်သန္တာလင်းက ကျောင်းသား/ကျောင်းသူလူငယ်များကို ယဥ်‌ကျေးလိမ္မာ အသိပညာဗဟုသုတများသိရှိစေရန် ရည်ရွယ်၍ ပြုလုပ်ရခြင်းဖြစ်‌ကြောင်း ပြောကြားကာ ဒုတိယဦးစီးမှူး‌ဒေါ်ဝင်းဝင်း‌အေးက ဖုန်းအသုံးပြုခြင်း၊ ဂိမ်းကစားခြင်းနှင့် ပတ်သက်သည့် ကောင်းကျိုး၊ ဆိုးကျိုးများအား အသိပညာပေးဟောပြောခဲ့ပြီး ကျောင်းသား၊ကျောင်းသူများအား ဗဟုသုတဉာဏ်စွမ်းမေးခွန်းများမေးမြန်း၍ ဆုလက်ဆောင်များချီးမြှင့်ခဲ့သည်။


ထို့နောက် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက သုတ၊ ရသစာအုပ်များ၊  အသိပညာပေးနံရံကပ် စာစောင်များ၊ ဓါတ်ပုံများကိုပြသခဲ့ရာ ဆရာ/ဆရာမများ၊ ကျောင်းသား/ကျောင်းသူများက စိတ်ဝင်စားစွာလေ့လာကြည့်ရှုခဲ့သည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق