ပန်းတနော်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး စစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပန်းတနော်မြို့၌ ယာဉ်စည်းကမ်း လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေး စစ်ဆေး


MNP ၊ အောက်တိုဘာ  ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ် ကင်းရှင်းရေး၊ ယာဉ်စည်းကမ်း လမ်းစည်းကမ်း စနစ်တကျမောင်းနှင်နိုင်စေရေး အသိပညာပေး စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက ရန်ကုန်-ပုသိမ်ကားလမ်း မြို့အဝင်အထွက်တွင် ဆောင်ရွက်ခဲ့သည်။


ထိုသို့စစ်ဆေးရာတွင် ယာဉ်စည်းကမ်းလမ်းစည်းကမ်း ထိန်းသိမ်းရေးကြီးကြပ်မှုကော်မတီနှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပန်းတနော်မြို့တွင် ယာဉ်အန္တရာယ် ကင်းဝေးစေရေး၊ ယာဉ်တိုက်မှု၊  လျော့နည်းကျဆင်း ပပျောက်စေရေးအတွက် မော်တော်ဆိုင်ကယ် မောင်းနှင်သူများအား ဆိုင်ကယ်မောင်းနှင်ရာတွင် ဆိုင်ကယ်စီးဦးထုပ်ဆောင်း၍ မေးသိုင်းကြိုးတပ်ဆင်ပြီးမှ မောင်းနှင်ရန်၊ လူသုံးယောက်တင်၍ မစီးရန်၊ ဆိုင်ကယ်လိုင်စင်များ ယူဆောင်လာရန် စသည့် လိုက်နာရမည့်စည်းကမ်းချက်များ၊ ရှောင်ကြဉ်ရမည့်အချက်များကို အသိပညာပေးပြောကြားခဲ့ပြီး ဥပဒေနှင့် မလွတ်ကင်းသော ပစ္စည်းများ သယ်ဆောင်ခြင်း ရှိ/မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။


ပြည့်ဖြိုးကျော်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)