အစ္စရေးသုံ့ပန်းများကို ဟားမတ်များက မြေအောက်ဥမင်လိုဏ်ခေါင်းများတွင် ထိန်းသိမ်းထားကြောင်း လွတ်မြောက်လာသူ ပြော - Myanmar National Post

Myanmar National Post

News Agency

Breaking

အစ္စရေးသုံ့ပန်းများကို ဟားမတ်များက မြေအောက်ဥမင်လိုဏ်ခေါင်းများတွင် ထိန်းသိမ်းထားကြောင်း လွတ်မြောက်လာသူ ပြော





တဲလ်အဗွီ ၊ အောက်တိုဘာ ၂၄

ပါလက်စတိုင်း အစွန်းရောက် လှုပ်ရှားမှု ဟားမတ်စ် ဖမ်းဆီးခြင်းမှ လွတ်မြောက်လာခဲ့သည့် အစ္စရေး အမျိုးသမီး နှစ်ဦးထဲမှ တစ်ဦးဖြစ်သူ Yocheved Lifshitz က သူမနှင့် အခြား ဓားစာခံများကို ဂါဇာကမ်းမြောင် ဒေသရှိ မြေအောက် လိုဏ်ခေါင်းတစ်ခုတွင် ဖမ်းဆီး ထိန်းသိမ်းထားကြောင်း သတင်းထောက်များအား ပြောကြားခဲ့သည်။

"ကျွန်မတို့ကို ဥမင်လိုဏ်ခေါင်းကွန်ရက်တစ်ခုထဲမှာ ထားခဲ့တာပါ" ဟု အစ္စရေး၏ Channel 12 မှ ပြောကြားချက်ကို ကိုးကားဖော်ပြထားသည်။ ၎င်းတို့အား ခန်းမကြီးတစ်ခုတွင် အခြားဓားစာခံ ၂၅ ဦးခန့်နှင့်အတူ အစုလိုက် ထားရှိရာမှ သီးခြားနေရာများသို့ ခေါ်ဆောင်သွားကြောင်း၊ ဆေးဝါးများ ရရှိခဲ့ကြောင်း၊ ဓားစာခံတစ်ဦးစီကို စောင့်ကြည့်ရန် အစောင့်တစ်ဦးစီ တာဝန်ပေးအပ်ထားကြောင်း သူမက ပြောကြားခဲ့သည်။

Lifshitz ၏အဆိုအရ ဟားမတ်စ် က သူတို့ရဲ့ လိုအပ်ချက်အားလုံးကို ဂရုစိုက်ပြီး သူတို့စားတဲ့ ပေါင်မုန့်၊ ချိစ်နဲ့ သခွားသီးကို စားခဲ့ရကြောင်း ပြောသည်။

ပါလက်စတိုင်းအစွန်းရောက်များသည် အစ္စရေးလယ်ကွင်းများကို မီးရှို့ခဲ့ပြီး အောက်တိုဘာ ၇ ရက် ကျုးကျော်မှုမတိုင်မီ ၃ ပတ်အလိုတွင် အစ္စရေးနိုင်ငံသို့ မီးပုံးပျံများ ပစ်လွှတ်ခဲ့သော်လည်း အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က အဆိုပါဖြစ်ရပ်များကို ပိုမိုကြီးမားသောတိုက်ခိုက်မှုသတိပေးချက်အဖြစ် အလေးအနက်မထားခဲ့ကြောင်း ၎င်းက ပြောကြားခဲ့သည်။

အင်္ဂါနေ့အစောပိုင်းတွင် Lifshitz ၏မြေးဖြစ်သူက ၎င်း၏ အဘိုးအဘွားများသည် ဂါဇန်များအား အစ္စရေးတွင် နှစ်ပေါင်းများစွာ ကောင်းမွန်သော ဆေးဘက်ဆိုင်ရာ အကူအညီများရရှိရန် ကူညီပေးခဲ့သော ငြိမ်းချမ်းရေးတက်ကြွလှုပ်ရှားသူများဖြစ်ကြောင်း Reuters သို့ ပြောကြားခဲ့သည်။


 Ref - TASS

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)