MNP ၊ အောက်တိုဘာ ၂၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ရှားတောလေးကျေးရွာအနီး၊ မန္တလေး-ရန်ကုန်လမ်းဟောင်းဘေးတွင် တည်ထားကိုးကွယ်တော်မူထားသည့် မန္တလေးစွယ်တော်မြတ်စေတီတော်ကြီးတွင် လာမည့်သီတင်းကျွတ် လပြည့်နေ့ (အဘိဓမ္မာအခါတော်နေ့) ဆီးမီး ၉၀၀၀ ထွန်းညှိပူဇော်ပွဲ၊ ဝတ်ရွတ်ပွဲနှင့် နဝမအကြိမ် ဆွမ်းတော်ကြီးလောင်းလှူပွဲများကို စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက အဆိုပါဘုရားပရဝုဏ်အတွင်းပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးပွဲတွင် အမရပူရမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဖြိုးအောင်ထွန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ထို့နောက် စွယ်တော်မြတ်စေတီဂေါပကဥက္ကဋ္ဌ၊ ဦးအောင်ကြည်နှင့်အတွင်းရေးမှူးဦးစန်းယုတို့က လုပ်ငန်းများအောင်မြင်ရေး ဆောင်ရွက်ထားရှိမှုတို့ကို ရှင်းလင်းတင်ပြခဲ့သည်။ ယင်းနောက်ဖွဲ့စည်း တာဝန်ပေးအပ်ထားသောဆပ်ကော်မတီများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ တာဝန်ရှိသူများက ပြန်လည်ဖြေကြားပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ
https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق