ပုဏ္ဏားကျွန်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုဏ္ဏားကျွန်းမြို့ မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိ






MNP ၊ အောက်တိုဘာ  ၂၃

  ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းကစ၍ အငြိမ်းစားဝန်ထမ်း များ၏ လစာကို ကာယကံရှင်များထံသို့ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။


  ပုဏ္ဏားကျွန်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့အငြိမ်းစားဝန်ထမ်း (၂၈၅)ဦးကို ပင်စင်လစာငွေထုတ်ပေးရန်စီစဉ်ထားရှိပြီး၊ သက်ကြီးပင်စင်စားနှင့်နာမကျန်ဖြစ်နေသူတို့အား ဦးစားပေးစနစ်ဖြင့် ဘဏ်ဝန်ထမ်းများက မှတ်ပုံတင်၍ စနစ်တကျ ထုတ်ပေးလျက်ရှိသည်။


အဆိုပါပင်စင်လစာငွေများကို လစဉ်ပုံမှန် လဆန်း(၂၁) ရက်နေ့မှလကုန်နေ့အထိ၊ ပုံမှန် နံနက်(၈)နာရီမှမွန်းလွှဲ (၂)နာရီအတွင်း ထုတ်ပေးလျက်ရှိကြောင်း၊  လာရောက်ထုတ်ယူသူများကို အငြိမ်းလစာထုတ်ပေးသည့် စည်းမျဉ်းစည်းကမ်းများနှင့်အညီ စနစ်တကျ   ဘဏ်ဝန်ထမ်းများက စီစစ်ထုတ်ပေးလျက်ရှိပြီး၊ လာရောက်ထုတ်ခြင်းမရှိသူများအနေဖြင့် ကိုယ်တိုင်ဖြစ်စေ၊ ကိုယ်စားလှယ်လွှဲစာဖြင့်ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်း မြို့နယ်မြန်မာ့းစီးပွားရေး ဘဏ်မန်နေဂျာထံမှသိရသည်။


နီထွန်းအောင်

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)