ပေါင်းတည်၌ ​ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပေါင်းတည်၌ ​ဒေသဖွံ့ဖြိုးရေး ကွင်းဆင်းဆောင်ရွက်


MNP ၊ အောက်တိုဘာ  ၂၀

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ယမန်နေ့ နေ့လယ်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ကဦးဆောင်၍ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများလိုက်ပါလျက် ဘိုးသာအောင်ကုန်းကျေးရွာအုပ်စုနှင့် မကြီးပင်ကျေးရွာအုပ်စုများသို့ ဒေသဖွံ့ဖြိုးရေးကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။


အဆိုပါ ကွင်းဆင်းဆောင်ရွက်မှု၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိုးမြင့်လှိုင်နှင့်အဖွဲ့က ဦးဆောင်၍ ကျေးလက်တောင်သူများနှင့် ရွာဦးဘုန်းတော်ကြီးကျောင်းဓမ္မာရုံတို့တွင် တွေ့ဆုံကာ စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းပန်းဆက်သွယ်ရေးဖွံ့ဖြိုးတိုးတက်ရေး၊ တရားဥပဒေစိုးမိုးရေးနှင့်လယ်ယာမြေဥပဒေဆိုင်ရာများကို အသိပညာပေးဆွေးနွေး ခဲ့ကြကြောင်းသိရသည်။


 ကွင်းဆင်းဆောင်ရွက်မှုတွင် တောင်သူများနှင့်တွေ့ဆုံ၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက အဖွင့်အမှာစကားကြားရာ၌ နိုင်ငံစီးပွားမြှင့်တင်ရေးအတွက် စိုက်ပျိုးသီးနှံများပန်းတိုင်အထွက်နှုန်းကျော်လွန်အောင်စိုက်ပျိုးထုတ်လုပ်ရန် လိုအပ်ကြောင်း၊ အထွက်တိုး၍တောင်သူများအကျိုးဖြစ်ထွန်းပါက နိုင်ငံတော်လည်းဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ ဒုတိယသီးနှံများ ဖြစ်ထွန်းအောင်မြင်စွာဆက်လက်စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် သက်ဆိုင်ရာ ကော်မတီအဖွဲ့များ၊ ဌာနဆိုင်ရာများနှင့်ပူးပေါင်းဆောင်ရွက်စေလိုကြောင်းတို့ကို အကျယ်တဝံ့ လမ်းညွှန်မှာကြားသည်။ ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက စိုက်ပျိုးသီးနှံဖြစ်ထွန်အောင်မြင်ရေးနည်းလမ်းများကို ရှင်းလင်းဆွေးနွေးကြပြီး မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးဦးအောင်မျိုးမင်းက ဆောင်းသီးနှံစိုက်ပျိုးမှုနည်းပညာအသိပညာပေးခြင်း၊ လက်ဆွဲကောက်စိုက်စက် အသုံးပြုနိုင်ရေးနှင့် အသုံးပြုနည်းများကိုပရိုဂျက်တာနှင့်တကွ ရှင်းလင်းပြသဆွေးဆွေးခဲ့ကြကြောင်း သိရသည်။


ဆက်လက်၍​ ဒေသဖွံ့ဖြိုးရေးအတွက် ကဏ္ဍ အသီးသီးအလိုက် သက်ဆိုင်ရာဌာနအကြီးအကဲများက အသိပညာပေးရှင်းလင်းဆွေးနွေးကြပြီး တောင်သူများက သိလိုသည်များကို မေးမြန်းကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်စေခဲ့ကြောင်း သိရသည်။


သူရကြီး

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)