မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှ ဆေးပညာရှင်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှ ဆေးပညာရှင်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေး


MNP ၊ အောက်တိုဘာ ၂၀

ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ပါမောက္ခ ဒေါက်တာသက်ခိုင်ဝင်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ စိန့်ပီတာစဘတ်အစိုးရအဖွဲ့ဝင် ပြည်ပဆက်ဆံရေးကော်မတီဥက္ကဋ္ဌ Mr. Grigoriev Evgency Dmitrievich ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား ယမန်နေ့က ကျန်းမာရေးဝန်ကြီးဌာနဧည့်ခန်းမ၌ လက်ခံတွေ့ဆုံ ဆွေးနွေးသည်။

တွေ့ဆုံစဉ် ကမ္ဘာတစ်ဝန်းတွင် ဖြစ်ပွားမှုနှုန်းတိုးမြင့်လျက်ရှိသော ကင်ဆာရောဂါများနှင့်ပတ်သက်သည့် ကိစ္စရပ်များ၊ ခေတ်မီကင်ဆာဆေးကုသမှု လုပ်ငန်းများနှင့်စပ်လျဉ်း၍ အပြန်အလှန်နည်းပညာဖလှယ်ရေးနှင့် လူသားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက် ရေးကိစ္စရပ်များ၊ မြန်မာနိုင်ငံနှင့် ရုရှားနိုင်ငံစိန့်ပီတာ စဘတ်မြို့ရှိ ကင်ဆာဆေးကုဌာနမှ ဆေးပညာရှင်များ အပြန်အလှန်ပူးပေါင်းဆောင်ရွက်ရေးနှင့် အတွေ့အကြုံဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံကင်ဆာရောဂါ ကုသမှုဆေးပညာရှင်များတွဲဖက်၍ ဆေးကုသမှုများ လုပ်ဆောင်နိုင်ရေးစီစဉ်ဆောင်ရွက်မည့်ကိစ္စရပ်များ၊ ရုရှားနိုင်ငံမှကင်ဆာရောဂါများ ကုသပေးသည့် ဆေးဝါးများအသုံးပြု၍ မြန်မာနိုင်ငံရှိ ကင်ဆာရောဂါ ဝေဒနာရှင်များအား ဆေးကုသမှုများပေးနိုင်ရေး စီစဉ်ဆောင်ရွက်လျက်ရှိသည့် ကိစ္စရပ်များ၊ ရုရှားနိုင်ငံနှင့် မြန်မာနိုင်ငံတို့တွင် ဆေးပညာရပ်ဆိုင်ရာ ညီလာခံများ၊အစည်းအဝေးများကျင်းပ၍ ဆေးဘက်ဆိုင်ရာ ပညာရှင်များ အပြန်အလှန်ဖိတ်ကြားလျက် အသိပညာဖလှယ်ရေးကိစ္စရပ်များ၊ နှစ်နိုင်ငံဆေးပညာကဏ္ဍ ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ချစ်ကြည်ရင်းနှီးစွာ ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ ဒုတိယဝန်ကြီးဒေါက်တာအေးထွန်း၊ ညွှန်ကြားရေးမှူးချုပ် (ပြည်သူ့ကျန်းမာရေးဦးစီး ဌာန)၊ ညွှန်ကြားရေးမှူးချုပ် (ကုသရေးဦးစီးဌာန)၊ ပါမောက္ခ/ဌာနမှူး၊ ကင်ဆာရောဂါ ဆေးပညာဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ/ဌာနမှူး၊ ကင်ဆာဓာတ်ရောင်ခြည်ဆေးကုဌာန ရန်ကုန်ပြည်သူ့ဆေးရုံကြီး၊ ပါမောက္ခ၊ ကင်ဆာဓာတ်ရောင်ခြည်ဆေးကုဌာန၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီး (ခုတင်-၁၀၀၀)နှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)