Pages

Pages

ပြန်ကြားရေး ဒုဝန်ကြီး ဦးရဲတင့်နှင့်အဖွဲ့ အာဆီယံ-တရုတ် မီဒီယာဖိုရမ်သို့ တက်ရောက်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ထွက်ခွာ


MNP ၊ အောက်တိုဘာ ၂၃

ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့် ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နန်နင်းမြို့၌ ကျင်းပမည့်  ၂၀၂၃ အာဆီယံ-တရုတ် မီဒီယာဖိုရမ်တက်ရောက်ရန် ယမန်နေ့က ရန်ကုန်မြို့မှ လေကြောင်းခရီးဖြင့် ထွက်ခွာသွားသည်။

အဆိုပါ ကိုယ်စားလှယ်အဖွဲ့အား ပြန်ကြားရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံးမှ Minister Counsellor ဖြစ်သူ Mr. Zheng Zhihong နှင့် တာဝန်ရှိသူများက ရန်ကုန် အပြည်ပြည်ဆိုင်ရာလေဆိပ်၌  ပို့ဆောင်နှုတ်ဆက်ကြသည်။

အဆိုပါဖိုရမ်သို့ အာဆီယံနိုင်ငံများမှ မီဒီယာနှင့်သက်ဆိုင်သည့် ဒုတိယဝန်ကြီးများနှင့် အဆင့်မြင့် အရာရှိကြီးများ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကွမ်ရှီးကျွမ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှ ပြန်ကြားရေးဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများနှင့် မီဒီယာဆိုင်ရာ တာဝန်ရှိသူများ တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။      


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق