Pages

Pages

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနား၌ ဖျော်ဖြေကပြကြမည့် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ နေပြည်တော်သို့ ရောက်ရှိ






MNP ၊ အောက်တိုဘာ ၁၀

၂၀၂၃ ခုနှစ်၊ အောက်တိုဘာ (၁၅) ရက်တွင်ကျရောက်မည့် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (Nationwide Ceasefire Agreement - NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗန်းရှင်းဗဟိုဌာန (၂) တွင် နိုင်ငံတော်အဆင့် စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဖြစ်သည်။


ထိုအခမ်းအနား၌ ပြည်နယ် (၇) ခုမှ တိုင်းရင်းသားညီအစ်ကိုမောင်နှမများက တိုင်းရင်းသားယဉ်ကျေးမှုရိုးရာအကအလှများဖြင့် ကပြဖျော်ဖြေကြမည်ဖြစ်ရာ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ကရင်ပြည်နယ်၊ ချင်းပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့မှ တိုင်းရင်းသား ယဉ်ကျေးမှုအကအဖွဲ့များသည် အောက်တိုဘာ (၉) ရက်နှင့် (၁၀) ရက်တို့တွင် နေပြည်တော်သို့ရောက်ရှိကြရာ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး Jeng Phang နော်တောင်၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်၊ တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇော်အေးမောင်နှင့် တာဝန်ရှိသူများက ကြိုဆိုနှုတ်ဆက်ကြသည်။


ဦးစွာ ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီးများက တိုင်းရင်းသားယဉ်ကျေးမှု အကအဖွဲ့များအား တွေ့ဆုံနှုတ်ဆက်ပြီး စာပေနှင့်ယဉ်ကျေးမှု မြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်ရန်အတွက် တိုင်းရင်းသားလူမျိုးများရေးရာဝန်ကြီးဌာနမှ တစ်ဖွဲ့လျှင် ငွေကျပ် (၁၀) သိန်းစီ ထောက်ပံ့ပေးအပ်သည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီး၊ ဒုတိယဝန်ကြီးများနှင့် တာဝန်ရှိသူများသည် တိုင်းရင်းသားယဉ်ကျေးမှုအကအဖွဲ့များ၏ ကျန်းမာရေးကိစ္စရပ်များအတွက် ဆေးပေးခန်း၊ လိုအပ်သည့်ဆေးဝါးများထားရှိမှုအခြေအနေများနှင့် ဧည့်ခံကျွေးမွေးမည့် စားရိပ်သာအတွင်း အစားအသောက်များ သန့်ရှင်းသပ်ရပ်စွာ ပြင်ဆင်ထားရှိမှုအခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق