MNP ၊ အောက်တိုဘာ ၂၄
မွန်ပြည်နယ်၊ပေါင်မြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူဆက်ဆံရေးဦးစီးဌာန နှင့် လူငယ်အသင်း(Youth Club)တို့ ပူးပေါင်း၍ စာရေးဆရာ ဦးဝင်းအောင် ရေးသားသည့် ကိုယ်သာလျှင်ကိုယ့်ဘဝသခင် စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယနေ့ နံနက်(၁၁)နာရီက မြို့နယ်ရုံးလူထုအခြေပြုဗဟိုဌာန(Community Centre)၌ ကျင်းပပြုလုပ်ခဲ့သည်။
စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးအရာရှိ ဒေါ်တင်ဇာစိုး ကစာဖတ်ဝိုင်းပြုလုပ်သည့်ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး (Book Club) အဖွဲ့ဝင် ဦးအောင်မြင့်က ပြီးမြောက်အောင်မြင်မှုအနုပညာ အကြောင်းကိုလည်းကောင်း၊ (Youth Club) အဖွဲ့ဝင် မင်းရန်အောင် က စွန့်စားမှုအနုပညာ အကြောင်းကိုလည်းကောင်း၊(Youth Club) အဖွဲ့ဝင်
မင်းကျော်လင်းဦး က ဖြစ်တည်မှုအနုပညာကိုလည်းကောင်း
စသည့်ခေါင်းစဉ်တို့ ကို ဆွေးနွေးပြောကြားကြရာ တက်ရောက်လာကြ သူများက သိလိုသည်များကိုပြန်လည်မေးမြန်းခဲ့ကြသည်။
အဆိုပါစာဖတ်ဝိုင်း ဆွေးနွေးပွဲများကိုဆောင်ရွက်ခြင်းဖြင့် လူငယ်လူရွယ်များ စာဖတ်သည့်အလေ့အကျင့်များရရှိစေရန်၊စာဖတ်ခြင်းဖြင့်အမှားအမှန်ကိုဝေဖန်ပိုင်းခြားတတ်စေရန်၊အစုအဖွဲ့အတွင်းပါဝင်ဆွေးနွေးတတ်သည့်အလေ့အကျင့်များရရှိစေရန်ရည်ရွယ်၍ပြုလုပ်ရခြင်းဖြစ်ကြောင်းသိရသည်။
https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق