ဒုတိယဝန်ကြီး ဦးမြင့်စိုး ‘‘ဝ’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒုတိယဝန်ကြီး ဦးမြင့်စိုး ‘‘ဝ’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်


MNP ၊ အောက်တိုဘာ ၂၀

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းပျဉ်းမြို့နယ် ပုံခက် (၅)မိုင်ကျေးရွာ၌ စိမ့်စမ်းရေသွယ်တန်းရယူနေမှုကို ကြည့်ရှုစစ်ဆေးပြီး မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးတွင် ဝန်ကြီးဌာနအောက်ရှိ ဦးစီးဌာန(၄)ခုမှ ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်နေသောလုပ်ငန်းများ အချိန်မီပြီးစီးရေး အလေးထားဆောင်ရွက်ရန်မှာကြားကာ စွန်တောင်းကျေးရွာသို့ ဆက်သွယ်ထားသော VDP ကွန်ကရစ်လမ်း ဖောက်လုပ်ပေးထားမှုကို ကြည့်ရှုစစ်ဆေးသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ‘‘ဝ’’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့နယ် ဆွတ်ဝိုးကျေးရွာသို့ ရောက်ရှိပြီး တိုက်နယ်ဆေးရုံ၌ ဆေးဝါးကုသမှုခံယူနေသော လူနာများကို အားပေးစကားပြောကြားပြီး ထောက်ပံ့ငွေများပေးအပ်ကာ ကျန်းမာရေးဝန်ထမ်းများအတွက် စာအုပ်စာစောင်များနှင့် စားသောက်ဖွယ်ရာများကို ပေးအပ်သည်။

ထို့နောက် ဒုတိယဝန်ကြီးသည် ဆွတ်ဝိုးကျေးရွာ ဘက်စုံသုံးခန်းမဆောင်တွင် ဒေသခံတိုင်းရင်းသားများနှင့် တွေ့ဆုံအမှာစကားပြောကြားပြီး မင်းရန်အောင်ကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းသို့ သွားရောက်ကာ ကျောင်းထိုင်ဆရာတော်အား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းသည်။

ယင်းနောက် ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံပြီး အမြင့်တင်ရေစက်ရုံသွားလမ်း ပြုပြင်ဖောက်လုပ်ရေး၊ ဘက်စုံသုံးခန်းမတည်ဆောက်ရေး၊ မော်တော်ဆိုင်ကယ်ပြင်သင်တန်း ဖွင့်လှစ် ရေးကိစ္စရပ်များအတွက် ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးကာ စားသောက်ဖွယ်ရာများ ပေးအပ်သည်။

ညပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မက်မန်းမြို့နယ် ငှက်ယောင်းကျေးရွာ၌ ကျေးရွာကုန်ထုတ်လမ်းဖောက်လုပ်နေမှုနှင့် ကွန်ဟောင်းကျေးရွာ၌ ကျေးရွာတွင်း ကွန်ကရစ်လမ်းဖောက်လုပ်ပြီးစီးမှုတို့ကို ကြည့်ရှုစစ်ဆေးပြီး ကျေးရွာသူကျေးရွာသားများနှင့် တွေ့ဆုံကာ ကွန်ဟောင်းမှနမ့်ကျွတ်ချောင်းသို့ ဆက်သွယ်မည့် ကုန်ထုတ်လမ်းဖောက်လုပ်ပေးရေး တင်ပြချက်အပေါ် လိုအပ်သည်များ ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)