ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ က နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိင်းအစည်းအဝေးကျင်းပ





MNP ၊ အောက်တိုဘာ ၂၄

ကချင်ပြည်နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၏ နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။

အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေးပါတီ ကချင်ပြည်နယ်ပါတီဥက္ကဋ္ဌ ဦးရားဝမ်ဂျုံ ဦးစီ၊ ပြည်နယ်အတွင်းရေးမှူး ဦးသိန်းထွန်းအေး၊ ပြည်နယ်ပါတီကော်မတီဝင် ဦးချန်တန်ခင် နှင့် ဦးဆီဟူးဒွေ့၊ မြစ်ကြီးနားခရိုင်ပါတီဥက္ကဋ္ဌ ဦးညွန့်ဝင်း အဖွဲ့တို့တက်ရောက်ခဲ့ကြောင်း သတင်းထုတ်ပြန်ချက်အရ သိရသည်။

နိုင်ငံရေးပါတီများ၏ ပါတီဝင်အင်အား စိစစ်ခြင်းလုပ်ငန်းနှင့် စပ်လျဉ်း၍ လုပ်ငန်းညှိနှိင်းအစည်းအဝေးကို မြစ်ကြီးနားမြို့နယ် ပြည်နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဆမားဒူဝါဆင်းဝါးနော်ခန်းမ၌ ကျင်းပခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)