Pages

Pages

(၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် အလှူငွေများ လှူဒါန်း



MNP ၊ အောက်တိုဘာ ၁၁

မြန်မာနိုင်ငံစာရေးဆရာအသင်းက ၁၃၈၅ ခုနှစ်၊ မြန်မာနိုင်ငံစာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် (၃၆) ကြိမ်မြောက် သက်ကြီးစာပေပညာရှင်များ ပူဇော်ကန်တော့ပွဲအတွက် စေတနာရှင်များက အလှူငွေများ စတင်ပေးအပ်လှူဒါန်းကြရာ ယမန်နေ့က ဒေါပုံမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၈၃၀၀၀၊ မှော်ဘီမြို့နယ် စာရေးဆရာအသင်းက ငွေကျပ် ၁၅၀၀၀၀ တို့ကို ပေးအပ်လှူဒါန်းရာ အသင်းဥက္ကဋ္ဌ ဦးအုန်းမောင် (မြင်းမူမောင်နိုင်မိုး)၊ အတွင်းရေးမှူး ဦးညွန့်တင် (မောင်ငြိမ်းသူ - ကြို့ပင်ကောက်)နှင့် တွဲဖက်အတွင်းရေးမှူးများက လက်ခံရယူပြီး ကျေးဇူးတင်စကား ပြောကြားသည်။


အလှူငွေဖြစ်စေ၊ အလှူပစ္စည်းဖြစ်စေ လှူဒါန်းလိုပါက မြန်မာနိုင်ငံ စာရေးဆရာအသင်း၊ အမှတ် (၁၇၃/၁၇၅)၊ (၇)လွှာ၊ ပန်းဆိုးတန်းလမ်း (အလယ်)၊ ကျောက်တံတားမြို့နယ်၊ ရန်ကုန်မြို့၊ ဖုန်း ၀၁-၂၅၂၄၁၇၊ ၀၉-၄၅၀၀၉၀၄၈၆ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق