နတ်မောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နတ်မောက်မြို့နယ်၌ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေလွှဲပြောင်းပေးအပ်ပွဲ ကျင်းပ


MNP ၊ အောက်တိုဘာ  ၂၃

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် နတ်မောက်မြို့နယ် ကျေးရွာ (၉)ရာရှိ လုပ်ငန်းရှင် (တောင်သူ(၂၁၇)ဦးအား နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေ လွှဲပြောင်းပေးအပ်ပွဲကို ယမန်နေ့ ၉ နာရီအချိန်က ရွာမွန်ကျေးရွာ ဘုန်းတော်ကြီးကျောင်း အောင်မင်္ဂလာဓမ္မာရုံတွင် ကျင်းပခဲ့သည်။                               


အဆိုပါအခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်စင်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်မြင့်မြင့်ချိုတို့က တိုင်းဒေသကြီး နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေစီမံခန့်ခွဲမှုကော်မတီ၏ အရင်းမပျောက် မတည်ချေးငွေထုတ်ချေးခြင်းအကြောင်း သိကောင်းစရာများနှင့် စိုက်ပျိုးရေးကဏ္ဍ အထွက်နှုန်းတိုးတက်စေရေး ပြုလုပ်ကြရန် စသည့်အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေမှ နတ်မောက်မြို့နယ်ရှိ တောင်ထောင့်ကျေးရွာ၊ ကုန်းစောင်းကျေးရွာ၊ ဝါပန် ကျေးရွာ၊ ရွာမွန်ကျေးရွာ၊ သရက်ချဉ်ကျေးရွာ၊ ကျောက်တန်းကျေးရွာ၊ ပ/ဂွေးချိုကျေးရွာ၊ စာရံအိုင့်ကျေးရွာနှင့် အိုင်ဇောက်ကျေးရွာ စုစုပေါင်းကျေးရွာ (၉)ရွာရှိ စိုက်ပျိုးရေးကဏ္ဍ၊ မွေးမြူရေးကဏ္ဍနှင့် MSMEs ကဏ္ဍမှ လျှောက်ထားသူလုပ်ငန်းရှင်(တောင်သူ)များအတွက် တစ်ဧကလျှင် (၃)သိန်းနှုန်းဖြင့် (၂၁၇)ဦးတို့အား ငွေကျပ်(၉၂ ဒဿမ ၀၀)သန်းကို ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ တာဝန်ရှိသူများက လုပ်ငန်းရှင် (တောင်သူ)များ လက်ဝယ်အရောက် လွှဲပြောင်းပေးအပ်ခဲ့ကြောင်း သိရသည်။


လှဝင်း

https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)