ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဆောင်းသီးနှံအထွက်နှုန်းကောင်း မျိုးစေ့ပေးအပ်ပွဲတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း လက်ပံတန်းမြို့နယ် ဆောင်းသီးနှံအထွက်နှုန်းကောင်း မျိုးစေ့ပေးအပ်ပွဲတက်ရောက်





MNP ၊ အောက်တိုဘာ  ၂၃

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်ရေးစီမံကိန်း ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းသီးနှံပန်းတိုင်အထွက်နှုန်း ပြည့်မီကျော်လွန်စေရေးအတွက် စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းကြီးကြပ်မှုကော်မတီမှ မြေပဲ၊ မတ်ပဲနှင့် ပဲတီစိမ်းသီးနှံအထွက်ကောင်း မျိုးသန့်၊ မျိုးကောင်းများအား တောင်သူများထံ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက လက်ပံတန်းမြို့နယ် စိုက်ပျိုးရေး သုတေသနဦးစီးဌာနခန်းမ၌ကျင်းပရာ ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ သာယာဝတီခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစန်းဝင်းနှင့်အဖွဲ့ဝင်များ၊ လက်ပံတန်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေမင်းအောင်နှင့် အဖွဲ့ဝင်များ မြို့နယ်ဌာနဆိုင်ရာများ​၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းက ပန်းတိုင်သီးနှံ(၁၀)မျိုး အထွက်နှုန်းပြည့်မီကျော်လွန်ရေးအတွက် ကဏ္ဍအလိုက် ဝိုင်းဝန်းပူးပေါင်းကြိုးစားဆောင်ရွက်ကြရန် အမှာစကားပြောကြားပြီး ဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက အထွက်နှုန်းကောင်းသော ဗီယက်နမ်မြေပဲ မျိုးသန့်မျိုးစေ့များနှင့် ပဲတီစိမ်းမျိုး ရေဆင်း-၁၄၊ မတ်ပဲမျိုးသန့် TBL-9 မျိုးစေ့များကိုပေးအပ်ရာ တောင်သူများက လက်ခံရယူပြီး ချမ်းသာကုန်းကျေးရွာ တောင်သူဦးမြင့်ငွေက တောင်သူများ ကိုယ်စား ​ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။


မျိုးသန့်၊ မျိုးကောင်းများ ထောက်ပံ့ပေးအပ်ရာတွင် တစ်ဧကလျှင် ဗီယက်နမ်မြေပဲမျိုးသန့်  ၆ တင်းနှင့် သွင်းအားစုများအပါအဝင် စုစုပေါင်းတန်ဖိုးငွေကျပ် သုံးသိန်းဖိုးထောက်ပံ့ပေးအပ်ခြင်းဖြစ်ပြီး မတ်ပဲ TBL-9 နှင့် ပဲတီစိမ်း ရေဆင်း-၁၄ မျိုးသန့်များကို တစ်ဧကလျှင် တစ်ခွဲ (၈ ပြည်)နှုန်း ထောက်ပံ့ပေးအပ်ခြင်းဖြစ်သည်။


လက်ပံတန်းမြို့နယ်၌ ယခုနှစ်ဆောင်းရာသီတွင် မြေပဲဧက ၄၀၀၀ ကျော်အား တစ်ဧကပန်းတိုင် အထွက်နှုန်း တင်း ၇၀ ကျော်လွန်ပြည့်မီရေး စိုက်ပျိုးဆောင်ရွက်မည်ဖြစ်ပြီး မတ်ပဲဧက ၉၀၀၀၀ ကျော်နှင့် ပဲတီစိမ်းဧက ၁၅၀၀၀ကျော် စိုက်ပျိုးမည်ဖြစ်ကာ မတ်ပဲတစ်ဧကပန်းတိုင် အထွက်နှုန်း ၂၅တင်းနှင့် ပဲတီစိမ်းတစ်ဧက ပန်းတိုင်အထွက်နှုန်း တင်း၂၀ ပြည့်မီကျော်လွန်ထွက်ရှိရေးနှင့်သီးနှံများ‌ ပိုးမွှားကင်းစင်ပြီး အောင်မြင်ဖြစ်ထွန်းရေးအတွက် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား စနစ်တကျစိုက်ပျိုးနည်းပညာနှင့် အခြားလိုအပ်သည့် ထောက်ပံ့မှုများ ဆောင်ရွက်ပေးလျှက်ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost




ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)