ပါလက်စတိုင်းတွေကို ကာကွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အီဂျစ်သမ္မတက တောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ပါလက်စတိုင်းတွေကို ကာကွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို အီဂျစ်သမ္မတက တောင်းဆို



ကိုင်ရို၊ အောက်တိုဘာ ၂၁

အီဂျစ်သမ္မတ Abdel Fattah El-Sisi က ကိုင်ရိုမှာ ငြိမ်းချမ်းရေး ထိပ်သီးဆွေးနွေးပွဲကို ဖွင့်လှစ်ပြီး ပါလက်စတိုင်းတွေရဲ့ အခွင့်အရေးတွေကို ကာကွယ်ဖို့ နိုင်ငံတကာအသိုင်းအဝိုင်းကို တောင်းဆိုလိုက်ပါတယ်။

"ဂါဇာကမ်းမြောင်ဒေသမှာ စုပေါင်းပြစ်ဒဏ်ခတ်မှုအပေါ် နိုင်ငံတကာအသိုက်အဝန်းက နှုတ်ဆိတ်နေကြတာကို တွေ့ရတော့ ကျွန်တော်တို့ အံ့သြမိပါတယ်။ ပါလက်စတိုင်းပြည်သူတွေနဲ့ အရပ်သားတွေဟာ နိုင်ငံတကာရဲ့ အကာအကွယ်ကို ရသင့်ပါတယ်" ဟု ၎င်းက ထောက်ပြသည်။

အီဂျစ်နိုင်ငံသည် ဂါဇာကမ်းမြှောင်သို့ လူသားချင်းစာနာထောက်ထားမှုအကူအညီများ လုံခြုံဘေးကင်းပြီး အတားအဆီးမရှိ တည်ငြိမ်သောစီးဆင်းမှုသေချာစေရန် ကြိုးပမ်းနေပြီး ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ပြန်လည်အသက်သွင်းရန်အတွက် လမ်းပြမြေပုံပေါ်တွင် လုပ်ဆောင်နေသည်ဟု El-Sisi က အလေးပေးပြောကြားခဲ့သည်။ 

ပါလက်စတိုင်းပြဿနာကို ဖြေရှင်းရာမှာ မကူညီနိုင်တာကြောင့် ဂါဇာကမ်းမြှောင်ကနေ အီဂျစ်နိုင်ငံ ဆိုင်းနိုင်းကျွန်းဆွယ်ကို ပါလက်စတိုင်းတွေကို ပြောင်းရွှေ့ဖို့ စိတ်ကူးကို ကိုင်ရိုက ပြင်းပြင်းထန်ထန် ပယ်ချခဲ့တယ်လို့ El-Sisi က ပြောကြားခဲ့သည်။

ပါလက်စတိုင်းပြဿနာကိုဖြေရှင်းရန်နှင့် အရှေ့အလယ်ပိုင်းအကျပ်အတည်းအတွက် ငြိမ်းချမ်းသောအဖြေကို ရှာဖွေရန် ကိုင်ရိုငြိမ်းချမ်းရေးထိပ်သီးအစည်းအဝေးကို အောက်တိုဘာ ၂၁ ရက်က အီဂျစ်နိုင်ငံမြို့တော်၌ ကျင်းပခဲ့သည်။ ကုလသမဂ္ဂ၊ အာရပ်အဖွဲ့ချုပ်နှင့် အာဖရိကသမဂ္ဂတို့ ပါဝင်ကြသည်။ ရုရှားနိုင်ငံ ကိုယ်စားပြု အထူးသံတမန် Mikhail Bogdanov တက်ရောက်ခဲ့သည်။


Ref - TASS

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)